U- (၁၄) ဟီးဟီးဟီးဟီးဟီး... ရှက်စရာကြီး!

3.9K 925 10
                                    

ဟီးဟီးဟီးဟီးဟီး... ရှက်စရာကြီး!
*****


နေဝင်ရီတရောအချိန်မှာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက အရာရာဟာ ရွှေအဆင်းနေရောင်ခြည်နဲ့ ဆေးကြောခံရပြီး အံ့ဖွယ်ရောင်လျှံစက်ဝန်းနဲ့ တောက်ပဝင်းလက်နေလေတယ်။

ပန်းခြံမှာ မတ်တပ်ရပ်နေတဲ့ စုချန်က သူ့မျက်လုံးတွေကို ပွတ်လိုက်မိတယ်။

ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်လွန်းလို့ နှလုံးသားတောင် နည်းနည်းနာကျင်လာတယ်...။

ငါ ဘာလုပ်ရမလဲ...။

......... ဒါကြောင့်ပဲဖြစ်မယ်၊ အဲဒီအချိန်မှာ သူ ရုတ်တရက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး။

အဲဒီရေပန်းက တကယ်ပဲ အရမ်းစွမ်းတာလား...။

....................

ဒီအထိပြန်တွေးမိပြီး စုချန်ရဲ့အသံက အနည်းငယ် ချီတုံချတုံဖြစ်နေတယ်။
"....... တကယ်တော့ ငါလည်း ဆုတောင်းခဲ့တယ်... တမြန်နေ့က။"

....................

တမြန်နေ့က သူ ညစာစားပြီးနောက် ပန်းခြံမှာ လမ်းလျှောက်ရင်း အိုင်ဒီယာအသစ်အဆန်းတွေ ရှာဖွေနေခဲ့တယ်။ ဆုတောင်းပြည့်ရေပန်းဘေးမှာ ခဏထိုင်ခဲ့သေးတယ်။ ဆုတောင်းနေတဲ့ လင်ရှုရဲ့မျက်နှာလေးကို ပြန်လည်အမှတ်ရရင်းနဲ့ပဲ သူ့အိတ်ကပ်ထဲက တစ်ခုတည်းသော အကြွေစေ့ကို ထုတ်ပြီး 'တစ်ခါလောက် စမ်းကြည့်ရတာပေါ့' ဆိုတဲ့ သဘောနဲ့ ပစ်ထည့်လိုက်တော့တယ်...

....................

"မင်း ဘာဆုတောင်းခဲ့တာလဲ။"
စုချန်ရဲ့ ခါးထက်မှာရှိတဲ့ လင်ရှုရဲ့ ရှည်သွယ်သွယ်လက်ချောင်းတွေက တဖြည်းဖြည်း တင်းကျပ်စွာ ဆုပ်ကိုင်လာတယ်။

"ငါ......"
စုချန်က စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက်မှာတော့ ရုတ်တရက် သူ့ခေါင်းကို ခေါင်းအုံးထဲ နှစ်ချလိုက်လေတယ်။
"ငါ မင်းကို မပြောပြဘူး အာာာာာားးးးးး!"

အရမ်းကို! ရှက်ဖို့! ကောင်းလွန်းတယ်!

"ပြောပါ။"
လင်ရှုက ရယ်တယ်။

ဝုတ်!? {မြန်မာဘာသာပြန်}Onde histórias criam vida. Descubra agora