ပတ်ပတ်လည် ရေဂယက်လေးများအား လှုံ့ဆော်စေလျက်
*****အဲဒီနောက် ဖြစ်ပျက်သွားတာတွေကတော့——-
"ငါ့ကို မတန်တဆလက်မှတ်တွေ မပေးနဲ့တော့။"
စုချန် အပိုင်းသစ် တင်လိုက်ပြီ။ သူ ပင်ပန်းလွန်းလို့ ကွန်ပျူတာစားပွဲပေါ်မှာတောင် လဲကျသွားတော့မလိုပဲ။"ဘာလို့လဲ။"
လင်ရှုက ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ချိတ်ထိုင်နေပြီး toy poodle တစ်ကောင်ကို ချုပ်ထားရင်း အမွေးတွေကို ဖြီးသင်ပေးနေတယ်။စုချန် လက်ဆန့်လိုက်ပြီး လက်ငါးချောင်းဖြန့်ပြလိုက်တယ်။
"Website က (၅၀%) ဖြတ်ယူတယ်လေ။ အချစ်ကလေးရေ... မင်းရဲ့ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာရော သိရဲ့လား?!"လင်ရှုက ခေါင်းမော့မလာ။
"ဒါပေမဲ့ ဒီလိုဆို မင်း ပိုပြီးနာမည်ကြီးတယ်လေ။""....... တကယ်ပဲ မလိုအပ်ပါဘူးဆိုနေ။"
စုချန်က လင်ရှုအနောက်မှာ လာရပ်ပြီး သူ့လက်တွေကို လင်ရှုရဲ့လည်ပင်းတစ်ဝိုက်မှာ ဖက်တွယ်လာရင်း ကျောပေါ်မှီလေတယ်။'လင်ရှုက ငါ့ကောင်လေး' ဆိုတာထက်ပိုပြီး သူ့ကို နာမည်ရစေတာမျိုး ရှိသေးလို့လား...?
ဘာမှမရှိဘူး...။
"မင်းက အားကြီးနဲ့ဖြီးနေတာ။"
စုချန်က လင်ရှုရဲ့လက်ထဲက ဘီးကို လှမ်းယူလိုက်ပြီး ကလေးအီသလို ညည်းနေတဲ့ toy poodle ကို ပုတ်လိုက်တယ်။
"ငါ လုပ်ပေးမယ်။"လင်ရှုက စုချန်ကို ဘီးလှမ်းပေးရင်း သူ့ကိုယ်သူလည်း ခုခံပြောဆိုသေးတယ်။
"ကိုယ် အရမ်းညင်သာတာပဲကို။"စုချန် : ......
မင်း အရမ်းညင်သာတယ်ဆိုတာ သေချာလား...? ဒါလေးက တောက်လျှောက် 'fxxkkkk!' လို့ အော်နေတာလေ!
သူ ခွေးတစ်ကောင်အဖြစ် နေထိုင်ဖူးပြီးကတည်းက စုချန်မှာ စွမ်းရည်တစ်ခု ရလာခဲ့တယ် —- ခွေးတွေပြောနေတာကို သူ နားလည်နိုင်တာပဲ။
ဒီစွမ်းရည်က လုံးဝအသုံးမဝင်ဘူးဆိုပေမဲ့လည်း.......
သူ့ကို အားကြီးနဲ့ လှောင်ပြောင်သရော်နေတဲ့ toy poodles တွေ ပြောတာကို ကြားနိုင်တာပဲရှိတယ်။ အဆုံးမှာတော့ တော်ဝင်မောင်းမဆောင်ကသူတွေက မကြာမကြာ မနာလိုမရှုစိတ်တွေ၊ အမုန်တရားတွေနဲ့ တအုံနွေးနွေးပူလောင်နေကြတာပဲ!
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.