U- (၁၁) နိုးထပါတော့ အိပ်ပျော်နေတဲ့အလှလေး!

4K 973 12
                                    

နိုးထပါတော့ အိပ်ပျော်နေတဲ့အလှလေး!
*****


ပျော်ရွှင်နေတဲ့ စုချန်က ရုတ်တရက် သူ အရင်ကဝင်နေခဲ့တဲ့ toy poodle ရဲ့ ခန္ဓာကိုယ်ကို သတိရသွားတယ်။

ပြီးတော့ ဒီ စုချန်လို့ခေါ်တဲ့toy poodle က သူ့ကိုယ်ပေါ်မှာ ငြိမ်ငြိမ်လေး မှီနေတယ်။ သူ့ရဲ့ခွေးခေါင်းလေးကို ခေါင်းအုံးပေါ် တင်ထားပြီး စုချန် အိပ်ခဲ့တဲ့ပုံစံအတိုင်းလေးသာ ဆက်နေနေတယ်။ လူတစ်ယောက်လိုမျိုးပဲ ငြိမ်ငြိမ်ဆိမ်ဆိမ်လေး အိပ်နေတာ။

စုချန်လည်း toy poodle လေးကို ပုတ်လိုက်တယ်။
"ဟေ့... ခဏလောက် ထဦး။"

Toy poodle လေးက မလှုပ်ဘူး၊ ဟောက်သံတိုးတိုးလေးသာ ထွက်လာလေတယ်။ သူ့ရဲ့ရင်ဘတ်သေးသေးလေးက စည်းချက်ညီညီ ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပြီး ခုနက စုချန်ရဲ့ခန္ဓာကိုယ်အတိုင်းပဲ နိုးလာမဲ့ပုံ မပေါ်လေဘူး။

စုချန်ရဲ့နှလုံးသားထဲ စိုးရိမ်စိတ်တို့ ဖျတ်ခနဲပေါ်လာတယ်။

ငါ ဘာလို့ ဒါကြီးက အခုထိ မပြီးသေးဘူးလို့ ခံစားနေရတာလဲ...။

"ထ"
လင်ရှုက toy poodle လေးကို ကောက်ချီပြီး လှုပ်ခါရင်း အော်ခေါ်တယ်။
"စု... အာ... ဒီခွေးလေး... ထစမ်း!"

စုချန်ကတော့ သူ့ကို တိတ်တိတ်ကလေးပဲ စိုက်ကြည့်နေလိုက်တယ် : .....

မင်း ခုနက စုချန်ဆိုပြီး အော်ခေါ်တော့မလို့လေ... မဟုတ်ဘူးလား!

လင်ရှုက တုံ့ပြန်မှုမရှိတဲ့ toy poodle လေးကို အိပ်ရာပေါ် အသာပြန်ချပေးပြီး စုချန်ကို ဘေးတိုက်ကြည့်ကာ မေးလာတယ်။
"ဘာလဲ။"

စုချန်ရဲ့အမူအရာက အရမ်းအရမ်းကို ဘဝင်မကျတဲ့ပုံဖြစ်နေပြီး အတင်းဖျစ်ညှစ်မမေးခင်မှာ တုံ့ဆိုင်းနေသေးတယ်။
"မင်းရဲ့ခွေး... သူ့နာမည်က ဘာလဲ။"

လင်ရှုက ခဏလောက် ရယ်နေပြီးတော့ စုချန်ကို မြဲမြဲမြံမြံ စိုက်ကြည့်လာတယ်။ သူ့အသံက အိပ်ရင်းစကားယောင်ပြောနေသလိုမျိုး ညက်ညောနေလေတယ်။
"မင်း သိပြီးပြီမဟုတ်ဘူးလား။"

မီးရောင်ဖျော့ဖျော့အောက်မှာ လင်ရှုရဲ့ မျက်နှာထားက မပီမသဖြစ်နေပြီး နက်နဲသိမ်မွေ့နေပုံ၊ သူ့မျက်လုံးတွေမှာလည်း ပြတင်းအပြင်ဘက်က လရောင်က အလင်းပြန်တောက်ပနေလေတယ်။

ဝုတ်!? {မြန်မာဘာသာပြန်}Where stories live. Discover now