ခွေးတစ်ကောင် ဖြစ်သွားတာတောင် အပိုင်းသစ် ဆက်တင်နေရဦးမယ်...
*****"မင်း ဘာဖြစ်သွားတာလဲ။"
လင်ရှုက စုချန်ကို နားမလည်စွာ ကြည့်လာတယ်။စုချန် အရမ်းကို စိတ်တုန်လှုပ်နေပြီး စက်ဝိုင်းပုံစံ လှည့်ပြေးနေတော့တယ်။
နတ်ဘုရားကို သူ့ရဲ့စတော်ဘယ်ရီအတွင်းခံလေးကို မြင်ခိုင်းလိုက်တာထက် ပိုပြီး ရှက်ဖို့ကောင်းတာ မရှိတော့ဘူး!လင်ရှုက တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးတဲ့နောက် သူ့နှုတ်ခမ်းထောင့်တွေ အသာလေးကော့တက်သွားပြီး မေးခွန်းထုတ်လာတယ်။
"အခု မင်းရဲ့ခန္ဓာကိုယ်ကို ငါ မြင်လို့ အဆင်မပြေတာတော့ မဟုတ်လောက်ပါဘူးနော်?"စုချန် ဝမ်းနည်းကြေကွဲ မခံမရပ်နိုင်စွာ ခေါင်းညိတ်ပြလိုက်တယ်။
"ဝု ဝုတ်!""အာ"
လင်ရှုက အေးစက်စက်ရယ်ပြီး ချက်ချင်းပဲ ရိုးသားတဲ့မျက်နှာလေးလုပ်ပြကာ စုချန်ကို ချွေးသိပ်လေတယ်။
"ကိစ္စမရှိပါဘူး။ လူတစ်ယောက်ကို ကယ်တာက ပိုအရေးကြီးတာပေါ့။ ငါ ဘာမှမမြင်သလိုပဲ နေပေးပါ့မယ်။"စုချန် : ......
မင်း အစကတည်းက မရယ်ခဲ့ရင်တော့ ငါ မင်းကို ယုံမိလိမ့်မယ်!
ဒါပေမဲ့ အဲဒီအခိုက်အတန့်လေးမှာပဲ လင်ရှု တံခါးဖွင့်တာကို တားဆီးနိုင်တာ ဒီကမ္ဘာလောကြီးထဲမှာ ဘာမှမရှိတော့ဘူး...
ဒီ့အပြင် ပြောရမယ်ဆိုရင် မဖွင့်ဘူးဆိုတာကလည်း ရွေးချယ်စရာကို ဟုတ်မနေခဲ့ဘူး။
ဒီတော့ လင်ရှုက တံခါးကို မြန်မြန်ဖွင့်ပြီး အထဲဝင်သွားတော့တယ်။
ပျော်စရာဆိုလို့ စုချန်က သန့်ရှင်းနေမှကြိုက်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူ့အိမ်က သပ်ရပ်သန့်ရှင်းနေတာလေးပဲ ရှိတယ်။
"မင်းရဲ့ခန္ဓာကိုယ်က ဘယ်မှာလဲ။"
လင်ရှုက မေးတယ်။စုချန်က စိတ်ဓာတ်ကျစွာ ခေါင်းငုံ့နေပြီး တိတ်ဆိတ်နေဆဲ။
လင်ရှုလည်း ရွေးချယ်စရာ မရှိတော့တာကြောင့် သူ့ဘာသာသူပဲ ရှာရတော့တယ်။ အခန်းက သိပ်မကျယ်ဘူး၊ ဒီတော့ လင်ရှုလည်း ကွန်ပျူတာစားပွဲပေါ်မှာ လဲနေတဲ့ စုချန်ရဲ့ မလှုပ်မယှက်ခန္ဓာကိုယ်ကြီးကို မြန်မြန်ပဲ ရှာတွေ့သွားတယ်။
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.