U- (၉) လေထဲက အီးနံ့ကို ဘယ်လိုမြန်မြန်ဖယ်ရှားရမလဲ

3.8K 958 39
                                    

လေထဲက အီးနံ့ကို ဘယ်လိုမြန်မြန်ဖယ်ရှားရမလဲ
*****


တစ်ခဏတော့ နှစ်ယောက်သား အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်နေမိကြတယ်။

လင်ရှုက စကားတစ်ခွန်းမှ ပြောမလာဘဲ သူ့လက်ကို မြှောက်ပြီး laptop ကို ပိတ်လေတယ်။

ပြီးတဲ့နောက် စုချန်ကတော့ ပါးစပ်ကို အကျယ်ကြီးဟ၊ အသက်ပြင်းပြင်းရှူပြီး ခုန်ပေါက်ရင်း လေထဲက အပုပ်နံ့ကြီး အမြန်ပျယ်သွားအောင် လုပ်နေတော့တယ်။
(T/N: သူ့ဗိုက်ထဲ ပြန်ထည့်နေတာပါတဲ့ ˃̵ᴗ˂̵)

နှစ်ယောက်စလုံး အနေလည်းခက်နေကြတယ်။

ဒါပေမဲ့ စုချန်ရဲ့ရှက်ရွံ့မှုအတိုင်းအတာက လင်ရှုထက် အဆပေါင်းရာချီပိုများနေလောက်တာပေါ့။

စုချန်က အီးနံ့နဲ့ပြည့်နေတဲ့ လေထုကို သွေးရူးသွေးတန်း အနံ့ပြယ်အောင်လုပ်နေရင်း သူ့နှလုံးသားလေးထဲမှာတော့ ပျော်ရွှင်မှုရော ဝမ်းနည်းမှုပါ ရောနှောနေတယ်။

ပျော်တာက နတ်ဘုရားကလည်း သူ့ကို တကယ်ကြီး တိတ်တခိုးပြန်ကြိုက်နေတဲ့ပုံမို့လို့။

ဝမ်းနည်းတာကတော့ သူ့ရဲ့အိမ်မက်ကလေးတွေက တစ်မူထူးထူးခြားခြား အမှန်ဖြစ်လာပြီး နတ်ဘုရားကလည်း ထပ်တူခံစားနေရပေမဲ့—— သူက ခွေးတစ်ကောင်ဖြစ်နေပြီလေ!

ပြီးတော့ အီးမပါ၊ ရှုးမပေါက်၊ အီးမပေါက်ဘဲ (၃)စက္ကန့်တောင် မနေနိုင်တဲ့ ခွေးတစ်ကောင်...

သူ့အတွက်တော့ ချက်ချင်းကြီး နတ်ဘုရားနဲ့ HE ဖြစ်ဖို့၊ ပြီးရင် မြန်မြန်ပဲ အသားစား(papapa) ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

"အိုး... ဟုတ်သား"
လင်ရှုက ရုတ်တရက် စကားစလာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ ခပ်ကြောင်ကြောင်အခြေအနေကြီးကို ပြေပျောက်ဖို့ ကြိုးစားချင်ပုံပဲ။
"ဗိုက်ဆာလား။ ဒီမနက်ကတည်းက မင်း ဘာမှမစားရသေးဘူးမလား။"

စုချန်က အခက်အခဲကြီးစွာ မော့ကြည့်လာပြီး ဖြည်းဖြည်းချင်း ခေါင်းခါပြတယ်။

အစကတော့ သူ အရမ်းအရမ်းဗိုက်ဆာနေတာ၊ ဒါပေမဲ့ ခုနကလေးတင် သူ အီးနံ့တွေကို ဗိုက်အပြည့် စုပ်ယူလိုက်ပြီးပြီလေ။

ဝုတ်!? {မြန်မာဘာသာပြန်}Where stories live. Discover now