အလေးသာဖို့အတွက် ခွေးတွေနဲ့ယှဉ်ပြိုင်ရလောက်တဲ့အထိ သူ တကယ်ပဲ မတရားနိမ့်ကျသွားပြီ
*****.... အခုက အချစ်ရူးတစ်ယောက်လို လုပ်နေရမဲ့အချိန် မဟုတ်ဘူး!
စုချန်က ခဏသာ စိတ်လှုပ်ရှားသွားတာဖြစ်တယ်။ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့ အနက်ရောင်ပဲစေ့လေးတွေလို မျက်လုံးဝိုင်းဝိုင်းလေးတွေထဲ စိတ်ကျေနပ်မှုတွေနဲ့ ပြည့်နှက်လာတော့တယ်။ဘာလို့ဆို စုချန် မသေချာတာ တစ်ခုရှိနေတယ်၊ သူ့မူလခန္ဓာကိုယ်ရဲ့ အခုလက်ရှိအခြေအနေပဲ။
ပထမဆုံးသောဖြစ်နိုင်ချေက သူနဲ့ toy poodle ရဲ့ ဝိညာဉ်က နေရာလဲသွားတာ။
တကယ်ပဲ အရမ်းကို ကြောက်ရွံ့ထိတ်လန့်ဖို့ကောင်းလွန်းတယ်၊ အိုခေ!
သူ့ခန္ဓာကိုယ်ထဲ toy poodle ဝိညာဉ်ဝင်နေတာကို စုချန် မြင်ယောင်လိုက်တယ်။ သူ့အခန်းထဲမှာ အရာအားလုံးကို သံဝါသလိုက်ပြုနေမှာကို မြင်ယောင်ကြည့်မိတယ်— အပူပေးစက်၊ အိပ်ရာ၊ နံရံနဲ့ ရေခဲသေတ္တာအထိ...
ဒုတိယဖြစ်နိုင်ချေကတော့ သူ ဝိညာဉ်လွင့်သွားတာပဲ။ အဲလိုသာဆိုရင် သူ့ခန္ဓာကိုယ်ကလည်း ကွန်ပျူတာစားပွဲပေါ်မှာ လဲနေတုန်းပဲ ဖြစ်လောက်တယ်၊ အသက်ရှင်နေရုံမျှ အနေအထားမှာပေါ့။
.....ခဏလေး... ဘာ'ရုံမျှ'လဲ... အား!
စုချန် မနေနိုင်ဘဲ သူ့ရဲ့ခန္ဓာကိုယ်က ကွန်ပျူတာစားပွဲပေါ်မှာ သတိမေ့မြောနေပြီး ဖြည်းဖြည်းချင်း အစာငတ်သေသွားမဲ့ ဝမ်းနည်းစရာမြင်ကွင်းကို ထပ်ပြီးမြင်ယောင်ကြည့်မိတယ်။ နတ်ဘုရားက သူ့မျက်နှာချင်းဆိုင်အိမ်နီးချင်းရဲ့ အိမ်ထဲက ထွက်လာတဲ့ မနှစ်မြို့စရာအနံ့ကြီးကို လဝက်လောက် အမြဲတမ်းအနံ့ရနေခဲ့တာ၊ စိတ်အနှောင့်အယှက်ဖြစ်လာလို့ ရဲကိုတိုင်လိုက်တာ၊ ပြီးတော့ နောက်ဆုံးမှာမှ ပတ်လည်မှာ ယင်ကောင်တွေရစ်ဝဲနေပြီး စတော်ဘယ်ရီသီးအဆင် ဘောင်းဘီတိုကို ဝတ်ထားတဲ့ စုချန်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို ရဲတွေသယ်ထုတ်လာတာ၊ သူကိုယ်တိုင်ကတော့ ခွေးကုန်းကုန်းဖြစ်သွားတဲ့အချိန်မှာပေါ့...
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.