အပိုင်း(၂၉)

563 27 0
                                    

 

[Unicode]
*တောင်းပန်ပါတယ် ......
တောင်းပန်ပါတယ် ..... *

အိမ်ပြန်လမ်းတလျောက်ငိုကြွေးရင်းဖြင့် ထိုစကားတစ်ခွန်းကိုသာထပ်ခါထပ်ခါပြောနေမိတော့သည်။
အိမ်ရှေ့ရောက်သော်လည်း
တက္ကစီ ပေါ်မှ မိမိအထုပ်အပိုးများအား မချ
အဖေနှင့်အမေဖြစ်သူထံ မရေးတကြီး သွားကာ

"အဖေ.... အဖေ့
အမေ... အမေရေ "

"ဟဲ့သား..... ဘာဖြစ်လာတာလဲ အရေးတကြီး"

"ကျနော် နောက်မှအကုန်ရှင်းပြပါ့မယ် အမေ အခု သားတို့ ဒီမြို့မှာ မနေတော့ဘူး သား တစ်ခါထဲ ကားလက်မှတ်ဖြတ်ခဲ့ပြီ သားတို့ လားရိူးဘက်ကို သွားကြစို့ အမေ "

"သား ဘာဖြစ်လာလဲ မြန်မြန်ပြောပါသားရယ် အမေရင်တွေပူလိုက်တာ
သူဘယ်သူ့ကိုဘာလုပ်လာလို့ အမေတို့က လားရိူးကို သွားမှာလဲ သားရဲ့ "

"စိတ်ကိုအေးအေးထားပါ အမေရယ်
စိတ်ချ
သား ဘာပြစ်မူ့မှမကျူးလွန်ခဲ့ဘူး

အမေ့ကို သား ခွန်းနဲ့ပတ်သတ်ပြီး ပြောပြထားတယ်မလား
အဲ့ကိစ္စနဲ့အများကြီးသက်ဆိုင်တယ် သားအိမ်တော်က ဆင်းလာတာ ကိုသူရိန်မသိဘူးအမေ
သူသိရင် သားကိုသွားခွင့်ပေးမှာမဟုတ်ဘူး
အဲ့တာကြောင့် ညနေ ကားမထွက်ခင် သားတို့အချိန်မှီသွားရအောင်

နေဖို့ထိုင်ဖို့ သားဟိုရောက်မှ ကြည့် စီစဉ်လိုက်မယ်လေနော်အမေ
ပါးစပ်ပါရွာရောက်ပါတယ် "

"နေပါဦးသားရယ်
မောင်သူရိန်က ဘာလို့ သားကိုသွားခွင့်မပြုရမလဲ "

ထိုမေးခွန်းကြောင့် ပြာယာခတ်စွာ သိမ်းဆည်းနေသော လရောင် နှေးကွေးတွန့်ဆုတ်သွားမိပါသည်။

"သံယောဇဉ်.....
သံယောဇဉ်ပေါ့ အမေ"

ထိုစကားကိုမျက်နှာပျက်စွာ ‌ဖြေလိုက်၏။

ထိုအဖြေ က တစ်ဝက်မှန်သော်လည်း အပြည့်အဝ အမှန်မဟုတ်
^သံယောဇဉ်ကြိုးထက်....... ချစ်ခြင်းတရားက ချည်နှောင်တဲ့ကြိုးက ပိုခိုင်နေခဲ့လို့ပါ ^

ထိုအရာကသာ အဖြေမှန်ပင်။

"အန်တီ အန်တီ"

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Where stories live. Discover now