အပိုင်း(၁၂)

735 39 4
                                    

[Unicode]
သူရိန်ထက် ဖခင်အတွက် စံအိမ်တွင်စိတ်မချရမချင်း ကုမ္ပဏီ ကို မသွားသေး။သို့သော် ကုမ္ပဏီ နှင့်ပတ်သတ်သည့်အချက်ပလတ်တိုင်းကိုအိမ်တွင် အမြဲလေ့လာစစ်ဆေးသည်။
ဖခင်၏ အခန်းအတွင်း cctv တပ်ထားကာ အခြေနေကိုအမြဲစောင့်ကြည့်လေ့ရှိသည်။
ညီညီဇေ မှာလိုက်သောစကား‌ကြောင့်
အိမ်တော်ထိန်ဦးမြတ်မင်းကိုလည်း မယုံဘဲ မသိမသာစောင့်ကြည့်နေတတ်သည်။

လရောင် သည် စံအိမ်တွင် အလုပ်လုပ်သည့်တစ်လပြည့်သောကြောင့် လစာထုတ်ရ၏။

"အန်တီ
ကျနော့် အိမ်ခဏပြန်ချင်ပါတယ်
တရက်လောက်ခွင့်ပြုပါ"

"တစ်ရက်ဘဲနော် ငါမင်းကိုခွင့်ပြုတာ နောက်ရက်အတွက်ဆိုရင်မင်းရဲ့လစာထဲကနုတ်မယ် "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

လရောင် အိမ်ပြန်ရန် ပြင်ဆင်ပြီး ထွက်လာခဲ့သည်။
ထိုအခိုက် ခြံဝန်းထဲတွင် အလုပ်လုပ်နေသော သူရိန်ထက် က

"ဟိတ်
လာဦး
မင်းဘယ်သွားမလို့လဲ "

"ကျနော်အိမ်ပြန်မလို့ 
ကိုသူရိန်"

"ခဏနေဦး အဲ့မှာခဏစောင့်"

သူရိန်ထက် ကိုယ်တိုင် ကားထုတ်လာပြီး

"တက်"

"ဗျာ....  ကိုသူရိန် လိုက်ပို့မလို့လား "

"မဟုတ်ဘူး ငါညီဇေဆီ သွားစရာရှိတယ်
လမ်ကြုံနေလို့တတ်ခိုင်းတာ "

အမှန်တွင်တော့ လမ်းမကြုံဘဲ သက်သက်လိုက်ပို့ချင်သောကြောင့်စကားရှာလိုက်ခြင်းပင်။

"ကျနော် အ‌ဖေအတွက်အာဟာရဖြစ်မယ့် ဟာတွေ ဝယ်ရဦးမှာ ဗျ
နေပါစေဗျာ ကျနော် ကိုယ့်ပါကိုယ်ဘဲ သွားလိုက်ပါ့မယ် "

"ငါလိုက်ပို့ပေးမယ် "

"နေပါစေတော့ "

သူရိန်ထက်ကားပေါ်မှ စိတ်မရှည်သည့်အကြည့်ဖြင့် ကြည့်ကာ

"မင်းကလေ...

ငါသိပ်စိတ်ရှည်တာမဟုတ်ဘူး
တက်ဆိုရင် တက်လိုက်
စကားသိပ်များလွန်းတယ် လရောင်"

လရောင် တယောက်ငြင်းမရသည့်အဆုံး သူရိန်ထက်နှင့်လိုက်ခဲ့တော့သည်။

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Onde histórias criam vida. Descubra agora