အပိုင်း (၂၃)

613 26 0
                                    

[Unicode]
ဒေါ်မယ်ရီ သည် ဧည့်ခန်းအတွင်း
Facebook သုံးကာ မိန့်မိန့်ကြီးထိုင်နေသည်။
အတွေး တွင်တော့
သူရိန်ထက်အား မည်သို့ ချောက်ချ ရမည်ကို တွေးတော့လျက်။

"လရောင်
ဟိုကောင်လေး
လာဦး ငါခိုင်းစရာရှိတယ် "

လက်နှစ်ဖက်အားနောက်ကိုပစ်၍
ဒေါ်မယ်ရီ၏ ဘေးသို့

"ဟုတ်ကဲ့ အန်တီ"

"အေး
သန်ဘက်ခါမှာ
ဝင့်ရည်ရဲ့ စေ့စပ်ပွဲအတွက်
Dinnerလုပ်ဖို့  ဖိတ်စာတွေ အကုန်လုပ်ထားပြီးပြီ အဲ့တာတွေ
ဒီနေ့ အပြီး လိုက်ဖိတ်ထား

မင်းဘာလုပ်စရာ ရှိသေးလဲ ဒီနေ့"

"ကျနော် ဦးလေး ရဲ့ အခန်းရှင်းဖို့ရှိသေးတယ်ဗျ
ခဏနေ
ကိုသက်ပြန်လာရင် ကျနော်ချက်ချင်းသွားလိုက်ပါ့မယ် "

"ဟာ သူ့ကိုစောင့်နေလို့ရင် နောက်ကျကုန်မှာပေါ့
မလိုချင်ဘူးမလိုချင်ဘူး
မင်းအခုသွားကိုသွားရမယ်

ကိုကို့ အတွက်လုပ်ပေးရမယ့်အလုပ်တွေ
သက်မောင်နဲ့ ဒေါ်ဝိုင်းကို ငါခိုင်းလိုက်မယ်
အခုချက်ချင်း ဖိတ်စာတွေ လိုက်ဝေခဲ့ "

လရောင် စိတ်ထဲ တွင် ထင့်ခနဲ ဖြစ်မိသည်။

သူရိန်ထက်သည် ဖခင်ဖြစ်သူအား ဂရုစိုက်ပေးရန် မှာခဲ့သည်။ ယခု ဒေါ်မယ်ရီ၏ ခိုင်းစေ့မူ့ကြောင့် ခေါင်းရူပ် ရပြန်သည်။

"ဟုတ် ကဲ့ အန်တီ ကျနော်
အခုသွားလိုက်ပါ့မယ်

ဒါနဲ့ အန်တီ ကျနော် ကားယူသွားရမှာလား ဗျ
အမဝင့်ရည်ကလည်း ကားယူသွားတယ်
အစ်ကို သူရိန်ကလည်း ကားယူသွားတယ်
ကားက အန်တီရဲ့ကားဘဲ ရှိတော့တယ်
အဲ့တာ ကျနော် ... "

"အေးအေး ယူသွားယူသွား
ဘားမှဖြစ်မလာစေနဲ့နော် ငါ့ကားကိုယူသွားပြီး ဂရုစိုက်မောင်း ခဲ့ကြားလား "

"ဟုတ်ကဲ့ ခင်ဗျ"

လရောင် ဝေရမည့်ဖိတ်စာအရေအတွက်က လူကြီးပိုင်းအားဖြင့် အယောက်သုံးးဆယ်ရှိသည်။ ထိုတစ်ဦးစီ၏ လိပ်စာများသည်လည်း တစ်ဦး နှင့်တစ်ဦး တနေရာစီ ဖြင့် ခေါင်းရူပ်ရသည်။

ထို့‌နောက် လမ်းအသင့်ဆုံး လိမ်စာတစ်ခုကို စတင်ရွေးချယ်ကာ ထွက်ခွာသွားခဲ့သည်။
တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့်အလုပ်ရူပ်ကာ သွားနေခဲ့သည်မှာ နေ့လည်စာ စားချိန်ပင်ကျော်နေပြီ ။သို့သော် လက်ထဲတွင်ဖိတ်စာအရေအတွက်သည်ကာ အယောက် ၂၀ကျန်နေသေးသည်။ ရန်ကုန်နေကပူပူ ဖြင့် ဗိုက်သည်လည်း ဆာ လွန်းလှသည်။သို့သော် အိမ်ပြန်နောက်ကျမည်ကိုစိုးရိမ်နေသော လရောင် ထမင်းပင်မစားဘဲ ဖိတ်စာများကိုတောက်လျောက် လိုက်ဖိတ်နေခဲ့သည်။

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora