အပိုင်း ၆

891 41 0
                                    


[Zawgyi]
ဘာလဲ ဘာဖြစ်ပြန်တာလဲ
ဘာခံစားချက်ကြီးလဲ ဒီလူ ကြည့်လိုက်တိုင်းငါက ဘာဖြစ်နေတာလဲ
ငါ အဲ့လူကိုကြည့်လို့မရပါဘူး
စိတ်ထဲမှာ သူမျက်လုံးကိုကြည့်မိတိုင်းဖြစ်တဲ့ခံစားချက် က ဘာလို့ ထူးဆန်းနေတာလဲ !

အတွေးတွေကိုရပ်တန့်စေဖို့ မျက်လုံးကိုစုံမှိတ် ခေါင်းကိုခါရမ်းကာ နူတ်ခမ်း ဖျားမှ လေ လုံးတစ်ခုကို မူတ်ထုတ်လိုက်သည်။

မနက် ၈နာရီပင်ထိုးတော့ ကော်ဖီဆိုင်တွင် လူစုံတက်စုံရှိကြပြီ။သူရိန်ထက်လည်း အိမ်ပြန်ရောက်လာခဲ့ပြီ။

မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး
ရွှင်ပြကာ အိမ်ထဲဝင်လာစဉ်
"သူရိန် "

ဒါမင်း ဘယ်ကပြန်လာတာလဲ သူရိန်
မင်းမနေ့က ဝင့်ရည်ကိုဘာလုပ်လိုက်လဲ"

ထိုစကားကြောင့် သူရိန် အပျော်မှ အပျက်ဆိုသလို အပျက်စတင်ဝင်လာခဲ့လေပြီ။သွားနေသောခြေလှမ်းများရပ်ကာ

"ဟက်.. က်
ဘာလဲ
ဖေဖေကြီး ဆိုပီး ဆွဲမူမာယာတစ်သိန်းနဲ့ မဟုတ်တာတွေ ပြောလိုက်တာလား ဝင့်ရည်မေ "

"သူရိန် မရိုင်းစမ်းနဲ့ ဝင့်ရည်က မင်း
ထက်အကြီး အမလို့ဘဲ ခေါ် "

"ခေါ်စရာလိုလို့လား
အမဆိုတဲ့ အသုံးနူန်းမျိုးက လေးစားသင့် လေးစားထိုက်တဲ့သူမျိုးကိုဘဲ ခေါ်သင့်တာ
သူ့လိုမိန်းမ မျိုးက အဲ့လိုအသုံနူန်းနဲ့မှ
မထိုက်တန်ဘဲ "

"သူ ..... ရိန် "
တစ်ခွန်းမှ လက်မခံသောသူရိန်အား ဖခင်မှ တစ်ချက်အော်လိုက်သည်။

"တော်ပါတော့ အဖေ
ဖြစ်တဲ့ပြသနာကို သားရှင်းပြတော့ကော အဖေသားဘက်ကရှိနေခဲ့လို့လား
မနက်ခင်းစောစောကျက်သရေယုတ်အောင်ထပ်မလုပ်ပါနဲ့တော့ သားတောင်းဆိုပါတယ်"
သူရိန် ဘာအကြောင်းပြချက်မှ မပေးဘဲ ခြံဝန်းထဲသို့ပြန်ဆင်းသွားခဲ့သည်။

ခြံဝန်းထဲရှိ ထိုင်ခုံတွင်ထိုင်နေခိုက်
အိမ်တော်ထိန်းဦးမြတ်မင်း ရောက်လာခဲ့ရာ
"သူရိန်
သားအဖေအပေါ်မှာအမြင်တွေ သိပ်မစောင်းပါနဲ့ သား
သားအပေါ်ဘယ်လောက်ချစ်တယ်ဆိုတာ လေးလေးမြတ်အသိဆုံးပါ "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Место, где живут истории. Откройте их для себя