အပိုင်း(၁၅)

695 44 2
                                    

[Unicode]
လရောင်၏ မျက်နှာတစ်ပြင်လုံးပူထူနေသောကြောင့်  ရေးချိူးခန်းထဲသို့အမြန် ပြေးဝင်သွားရသည်။

အသက်ရူသံများက သာမာန်ထက်ပို၍မြန်ဆန်နေသည်။နှလုံးခုန်သံသည်လည်း ရထားခုတ်မောင်းနေသလို

"ဒုတ်ဒုတ်... ဒုတ်.ဒုတ်.. ဒုတ်ဒုတ်"

မှန်ထဲတွင် မြင်ရသော မိမိမျက်နှာကို မိမိပြန်ကြည့်မိခိုက်
မြင်လာသည်က
ထိကပ်လာသောမထူမပါး နူတ်ခမ်းတစ်စုံ

မျက်လုံးကိုစုံမှိတ်ကာ

"တော်ပါတော့ ဘာလို့ ငါအဲ့တာကိုဘဲ မြင်နေတာလဲ "

ရင်ခုန်သံက မြန်ဆန်နေဆဲ

"ဒုတ်... ဒုတ်... ဒုတ်..

ရင်ဘတ်ကို လက်သီးနှင့်ထုကာ

"တိတ်စမ်း နင်က ဘာလို့အဲ့လောက်အသံထွက်နေတာလဲ

ငါဘာဖြစ်နေတာလဲ
ငါက ယောက်ျားလေးလေ
ဘားမှမဟုတ်ဘူး ဒါက ငါရုတ်တရက်ကြီး မို့ ငါစိတ်လူပ်ရှားပြီးဖြစ်နေတာ ဟူးးး

စိတ်လျော့ စိတိလျော့ ဟူးးးးး"

**ငါမင်းကိုချစ်နေလို့

ငါအတ္တကြီး နေမိတာ မင်းသိရဲ့လား

မင်းကြောင့်ကွ နားလည်ရဲ့ လား

မင်းအပြုံးကို ငါဘဲ ပိုင်ချင်တယ်

မင်းနာကျင်ရရင်တောင် ငါ့ကြောင့်ဘဲ ဖြစ်စေချင်တယ်
အဲ့တာဘာလို့လဲ မင်းသိလား

အဲ့တာတွေအကုန်လုံး မင်းကိုချစ်လို့ ဖြစ်လာတဲ့ ငါ့ရဲ့အတ္တတွေ မင်းသိရဲ့ လား **
ထိုစကားများသည်လည်း နားထဲတွင်ပဲ့တင်ထပ်နေသည်။

*ကိုသူရိန် ကျနော်ခင်များကို ဘာတစ်ခုမှနားမလည်တော့ဘူး
ခင်များပြောတဲ့စကားတွေက ကျနော့်ကိုအနိုင်လိုချင်လို့ပြောတဲ့စကားတွေဘဲဖြစ်မှာပါ.... *

သိုအောင်းထားတဲ့ အချစ်စကားကို
လှလှပပနဲ့ ဖွဲ့ပြချင်ပေမယ့်
ကြမ်းတမ်းစွာပြုမူမိသောမိမိကိုယ်ကိုသာအပြစ်တင်မိနေသည်။

ပါးနှစ်ဖက်အား ဒေါသဖြင့်ဆွဲညစ်မိလိုက်သော မိမိလက်အား နံရံနှင့်ထိုးမိသည်အထိ စိတ်တိုရပြန်သည်။

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora