အပိုင်း (၃၄)

546 21 0
                                    

[Unicode]
"သမီးလေး ဧကရီကော.....
ဘယ်ရောက်သွားလဲ
ဒီနေ့ကော တနေကုန်ဘာတွေလုပ်နေလဲ "

"ဟိုလေ.... ဧ ကလေဟို.. ဟို "

"ဟဲ့ မိအေး .... ငါမေးတဲ့မေးခွန်းက ရှင်းရှင်းလေး

ဧ ဒီနေ့တနေကုန် ဘာတွေ လုပ်လဲ ဆိုတာ ဘဲမေးတာလေ
ဖြေစရာရှိတာ ဖြေစမ်းပါ ညည်းကိုငါမဆူ‌ေစရပါဘူး"

"ဟုတ် လေးလေးကျော် ဧ လေးက ဒီနေ့ သူငယ်ချင်းတွေနဲ့ ထွက်သွားပြီး နေ့လည် က ပြန်ရောက်ပါတယ် အခု အခန်းထဲမှာ ဖုန်း ဒါမှမဟုတ်
ကွန်ပြူတာသုံးနေမယ်ထင်တယ် "

"ဒီသမီးလေးတယောက်နဲ့ကလည်း ကွာ
သွားသွား သမီး ဧကရီကို ခေါ်လာခဲ့"

ဦးကျော်စွာ၏ အမျိူးသမီး ဖြစ်သူက အနားသို့ရောက်လာကာ

"အော် ကိုကျော်ရယ်
သမီးလေး သူ့ဘာသူလွတ်လွတ်လပ်လပ်နေပါစေ ရှင်ကလည်း "

"ဟော. ကြည့်
ငါက ဘားမှမပြောရသေးဘူးလေမိန်းမရယ် သမီးကိုအခုမှခေါ်ခိုင်းတုန်းရှိသေးတယ် လေကွာ  မင်းက ငါသမီးလေးကို ဆုံးမစကားပြောမဲ့ချိန်ကို ကားစီးကာစီး မလုပ်စမ်းနဲ့ "

"ကိုင်းတော် ပြောရင်းဆိုရင်း ဟိုမှာ သမီးတော်လေး ဆင်းလာပါပြီတော်. ... ဆိုဆုံးမနိုင်ပါပြီ"

လှေကားထစ် ပေါ်မှ ခုန်ပေါက်ကာ ပြေးဆင်းလာသော ဧကရီ၏ ရုပ်ရည် အဆင်းကတော့ ပြောစရာပင် မလို လှပ၏။

"လာဦးသမီး ဖေကြီး ပြောစရာရှိတယ် "

"ဖေကြီး က ဧလေးကို ဘာပြောမလို့လဲ "

"ထိုင်ဦး ...
သမီးဒီရက်တွေ ဘာတွေလုပ်လဲ "

"ဘားမှမလုပ်ဘူးလေ ဖေကြီး "

"ဖေကြီး ကိုများ ရွဲ့နေသလားသမီး
သမီး ဧဘွဲ့ရတာ ဘယ်လောက်ကြာပြီလဲ "

"တစ်နှစ်လေ ဖေကြီး
ဘာလို့လဲ "

"ဘွဲ့ရတာဘဲ တစ်နှစ်ရှိပြီ ငါ့သမီးက ဘာအလုပ်လုပ်ဖို့ စဥ်းစားထားလဲ

သမီး ဒီတိုင်းဘဲ အချိန်ကုန်နေလို့မရဘူးနော်
ဖေကြီး ဆိုတာ အခု အလုပ်လုပ်နိုင်နေတုန်းတော့ ထားတော့ ဖေကြီးမရှိတဲ့နေ့ သမီး ဘာဆက်လုပ်မှာလဲ "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora