အပိုင်း(၁၆)

613 37 4
                                    

"သား ထည့်စားနော်
ဒါလေးက ငါးအိုးကပ်‌ေလးချက်ထားတာ
ငါးဟင်းချက်တဲ့နေရာမှာ
လရောင် လက်ရာကိုအန်တီတောင်မှီတာမဟုတ်ဘူး "

သူရိန်ထက်ပြောရမည်ကိုအလွန်ပင်အားနာသည်။ဟင်းထဲတွင် အကြောက်ဆုံးဟင်းကားငါးဟင်းဖြစ်သည်။
လုံးဝမကြိုက်သည်တော့မဟုတ် ငါး၏ အရိူးကိုကြောက်၍ မစားခြင်းပင်။

"ဟုတ်ကဲ့ အန်တီ "

သူရိန်ထက်သည် ပန်းကန်ထဲရှိ ငါးသေးလေးကိုကြည့်၍ ဘယ်လိုစားရမှန်းမသိ
ဇွန်းနှင့်ဟိုဖက်လှည့်၊ဒီဖက်လှည့်လုပ်နေသည်။

"ငါးမစားတတ်ဘူး လား
ကိုသူရိန်"

"အင်း
ငါးမစားတတ်ဘူး"

"အော် ...
သားရယ် အ‌ေစာက ပြောရောပေါ့
ရော့ အန်တီအရိုးနွံပေးမယ်"

စိတ်ရှည်လက်ရှည့်ဖြင့်
လရောင် မိခင်ဖြစ်သူကိုယ်တိုင်နွံပေး၍
ဧည့်ခံနေမူ့ကြောင့်
သူရိန်ထက်၏ ရင်ထဲ တသိမ့်သိမ့်နှင့် နွေးထွေးလွန်းသည်။

"အမေ
အဖေ အိပ်နေသေးတယ်ထင်တယ်နော် ခဏနေ ဆေးခန်းသွားမှာဆိုတော့ အဝတ်စားလဲပေးထားလိုက်ဦးမယ်

ပန်းကန်တွေလည်း သားဘဲ ဆေးမယ်
အမေ မဆေးနဲ့ နော် "

လရောင်၏ မိဘနှစ်ပါးအပေါ်သိတတ်မူ့ကြောင့် သူရိန်ထက် ထို့ကောင်ငယ်လေး အား
ပိုပို၍ မြတ်နိုးလာမိသည်။

မကြာမှီပင် လေဖြတ်နေသောဖခင်အား ဆေးခန်းပို့ရန် သူရိန်ထက်နှင် တွဲကူကာဆေးခန်းသို့လိုက်ပို့ပေးခဲ့သည်။

"ဆရာ အဖေ လမ်းပြန်လျောက်နိုင်ပါဦးမလား "

"အင်း ပြန်ကောင်းနိုင်သေးတယ် သား
သားအဖေ လေဖြတ်တာ အခု အခြေနေတော်တော်လေးကောင်းနေပြီ
လမ်းပြန်လျောက်နိုင်မယ်
ခြေလက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးရမယ်
ဆေး မှန်မှန်သောက်ရမှာနော် "

"ဝမ်းသာလိုက်တာ ဆရာ
အဖေလမ်းပြန်လျောက်နိုင်မှာပေါ့နော် "

"ဒါပေါ့ ကွ "

🏩🏩🏩🏩🏩🏩🏩🏩🏩🏩🏩🏩🏩

"ကိုညီ ရေ
ကိုညီ..... "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Where stories live. Discover now