အပိုင်း (၄၁)

636 27 4
                                    

[Unicode]
"ကိုသူ ...
ဒီနေ့လေ ဧ ကိုသူ့အိမ်ကိုလိုက်လည်ချင်တယ်"

"အင်း
လိုက်လည်လို့ ရပါတယ်
ဒါပေမဲ့
ကိုယ့်အိမ်မှာ ဘားမှမရှိဘူးနော် ဧအတွက် ပျင်းဖို့ကောင်းနေလိမ့်မယ် "

" ပျင်းစရာကောင်းလဲ ဘာဖြစ်လဲ
ဧက ကိုသူနေတဲ့နေရာကိုရောက်ဖူးချင်တာ
ဘာလဲ ကိုသူက ဧကို လာမလည်စေချင်ဘူးလား "

"မဟုတ်ပါဘူး
ဒီနေ့က မိုးချုပ်တော့မှာဆိုတော့မသင့်တော်ဘူး လေ ဒီအပတ်ထဲမှာရုံးပိတ်ရက်ရှိတယ်မလား အဲ့နေ့ကြမှ အိမ်မှာထမင်းစားဖိတ်ရင်း လာလည်ပေါ့ "

"ဟီးး ဟုတ်ဟုတ်

"အဲ့နေ့ မနက်ကြရင် ဘုရားကို ကိုသူလိုက်ပို့ရမယ် နေ့လည်ကြမှ ကိုသူ့အိမ်ကိုဝင်လည်မယ် နော်..... "

................................

အလုပ်ပိတ်ရက် ဖြစ်သောကြောင့် ခွန်းတယောက် အတိုးချ၍ အိပ်နေ၏။
လရောင် က ဈေးသွားရန် ပြင်ဆင်နေသည်။

"ဖေဖေ..."

အိပ်ချင်မူးတူးလေး ဖြင့် ချစ်စရာကောင်းနေသော ကူးကူး လေးက လရောင် ဈေးမသွားခင် အချိန်အတွင်းနိုးလာခဲ့ပြီ။

"ဖေဖေ က ဘယ်သွားမလို့လဲ "

"ဖေဖေက ကူးကူးလေးစားဖို့
အောက်အီးအွတ် ချက်ကြွေးမလို့ ဈေးသွားမှာလေ "

"ကူးကူးလဲ လိုက်မယ်"

"မလိုက်ပါနဲ့ကူးကူးရယ်
ဖေဖေက ဈေးဝယ်ပြီး ပြန်လာမှာလေ
မေမေနဲ့နေခဲ့နော် "

"မေမေက ခေါအိပ်နေတာ
နိုးသေးဘူး
ဖေဖေ သွားရင် ကူးကူးက ဘယ်သူနဲ့နေရမှာလဲ "

"အမလေးဗျာ... စကားတွေတတ်နေလိုက်တာ
ဗျာ ဖေဖေ့ ကူးကူးလေးက
လိုက်ခဲ့ လိုက်ခဲ့"

"ဟဲ့ဟဲ့ ဟို သားဖ နေကြဦး ငါလည်း လိုက်မယ် လေ ငါလည်းလိုက်မယ် "

"အော်.. နင်နိုးလာသေးတယ်နော်
ငါကနင်အသက်မှရှိသေးရဲ့လားလို့ "

အပြစ်တင်နေသော လရောင်အား ခွန်း နှာခေါင်း ရူံ့ ကာ....

"ဟွန်း.. ဘာဖြစ်လဲ ဘာဖြစ်လဲ "

ဈေးသွားရန်ပြောရင်း
လရောင် တစ်ခုစဉ်းစားမိသည်။ အနီးနားတွင်ရှိသော ဈေးတွင်
ကော်ဖီစေ့ ဝယ်လို့ရမည်မဟုတ် ။ထို့ကြောင့်

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Onde histórias criam vida. Descubra agora