[Unicode]
ဆွဲခေါ်ခြင်းခံလိုက်ရသောလရောင်
ပြူးကြောင်ကြောင်ဖြင့်ပါသွားခဲ့သည်။ကားပါကင်ကိုရောက်တော့ လရောင်၏လက်ကိုလွတ်၍"မင်းဘာလို့ ဒီနေရာကိုလာတာလဲ
ပြီးတော့ အဲ့ကောင်နဲ့မင်းကဘာတွေလဲ "လရောင် အံ့ဩစွာဖြင့်စိုက်ကြည့်နေမိသည်။
"လရောင်
ငါမေးနေတယ်လေကွာ "ထိုမေးခွန်းကိုမဖြေဘဲ
"ခင်များပြန် လာပြီလား"
"အေး
ဟုတ်တယ် ငါပြန်လာပြီ
မင်းကိုငါမေးတာဖြေ မင်းက ဘာလို့ club ထဲရောက်နေတာလဲ ပြီးတော့ အဲ့ကောင်နဲ့ကဘာတွေလဲ "သူရိန်ထက်ကိုမကြည့်ဘဲ မျက်နှာကို တစ်ဖက်သို့လွဲကာ
"ကျနော့်မှာ ကျနော့်အကြောင်းပြချက်နဲ့ ကျနော် ရှိတယ် ကိုသူရိန်
အဲ့တော့ ကိုသူရိန် သိဖို့မလိုလောက်ဘူး လို့ကျနော်ထင်တယ် "သူရိန်ထက် မျက်နှာ ပျက်သွားသည်။
*မလိုဘူး တဲ့လား
လရောင်......
ငါက မင်းအတွက် ငါ့ခံစားချက်တွေ နဲ့
အချစ်ရဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားနေခဲ့တာ အခုငါကြားရတဲ့စကားက
ငါအတွက်မလိုဘူးတဲ့လား....... *" ကောင်းပြီလေ ငါသိဖို့မလိုတဲ့ ကိစ္စဆိုတော့ မမေးတော့ဘူး ငါပြန် ပြီ "
ကားတံခါးကို ဆွဲဆောင့်ကာ ပိတ်လိုက်ပြီး အရှိန်မြင့်စွာ မောင်းနှင်၍ ထွက်သွားခဲ့သည်။
လရောင် သည်လည်း အရှိန်ပြင်းပြင်းမောင်းထွက်သွားသော ကားကို ကြည့်ရင်း
*ကျနော်တောင်းပန်ပါတယ်
ပြီးတော့ ကျေးဇူးတင်ပါတယ် *လရောင် ဝမ်းနည်း စိတ်ပျက်စွာ ပြန်လာခဲ့သည်။
မနက်မိုးလင်းပြီဖြစ်သောကြောင့် လရောင်၏တနေ့တာ အလုပ်တွေစတင်ရသည်။
အိမ်တံခါးဝမှ ဟွန်းသံ
"တီ.... တီ.... ""ဘယ်သူနဲ့တွေ့ချင်တာလဲ ဗျ"
"ကိုသက် ကျနော်ပါ
သူရိန်""ဟာ သူရိန်
မင်းပြန်လာပြီ "
CZYTASZ
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Romansပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...