[Unicode]
လရောင်သည် ဒေါသထွက်လွန်းသောကြောင့် မျက်နှာပင်ရဲတက်နေသည် ။
အခန်းထဲရောက်သော်အခါတွင် ရေသန့်တစ်ဘူးကိုယူကာ ရေအဝသောက်လိုက်ပြီး
ကုတင်ပေါ်ခြေပစ်လက်ပစ် လှဲချလိုက်မိသည်။
ထိုအခါမှ အဝေးမူန်ဖြစ်သော လရောင် မျက်နှာကြက်မှ မီးကိုကြည့်ရင်း"ဟာ ငါ့မျက်မှန်ကော
သေပါပြီကွာ
မျက်မှန် စကားများရင်း ကျကျန်ခဲ့ပြီခဏနေ ငါ့ကိုဝင့်ရည်မေက လာကြိုခိုင်းရင် ညကမှောင်တာနဲ့မျက်မှန်မရှိတာနဲ့တော့တွေ့ပြီ
မဖြစ်သေးပါဘူး ကိုသက်ကိုအကူညီတောင်းမှဖြစ်မယ် "
👓👓👓👓👓👓👓👓👓👓👓👓👓
ပျံ့ကျဲနေသောပိုက်ဆံများကိုပြန်ကောက်ရင်း လရောင်၏ မျက်မှန်ဝိုင်းလေးထိုမျက်မှန်လေး၏ မျက်မှန်ကိုင်းမှာ ဝါယာတိတ်ဖြင့် ပတ်ထားသည်။
မျက်မှန်၏ အပေါ်ဖက်နားလေးတွင်လည်း အက်ကြောင်းကလေးဖြင့်ရှိနေသည်။* မင်းဘာလို့အသည်းသန်ငွေလိုနေလဲဆိုတာ ငါသိမှဖြစ်မယ် လရောင် "
ထိုမျက်မှန်လေးကိုသူရိန်ထက် ကောက်ယူသွားခဲ့သည်။
"ကိုသက်ရေ ကိုသက်
ကျနော်လေ မျက်မှန်ပျောက်သွားလို့ ခဏနေကြရင်
အစ်မဝင့်ရည်မေကို ကိုသက်သွားကြိုပေးနော် ကူညီပါဦး""အေးပါကွာ "
လရောင် အကူညီတောင်းပြီးပြီးချင်း ပင်
အခန်းသို့ပြန်ရန် ကြမ်းပြင်ကိုသာစိုက်ကြည့်၍ လျောက်လာခဲ့သည်။အဝေးကိုကြည့်လျောက်လျှင်လည်း အဝေးမူန်ဖြစ်သောကြောင့် ခေါင်းကိုငုံ့၍ သာလျောက်လာရင်း
စံအိမ်၏ အဝင်ဝတွင် သူရိန်ထက်နှင့်ပခုံးခြင်းတိုက်မိသွားသည်။
ကြမ်းပြင်ကိုသာ အာရုံစိုက်လာသောလရောင် ပခုံးချင်းတိုက်မိရုံလေးဖြင့် လဲကျမလိုယိမ်းယိုင်သွား၏။
ထို့ကြောင့် သူရိန်ထက် သည် လရောင်၏ ပခုံးလေးကို အသာအယာလှမ်းကိုင်လိုက်ပြီး" မင်း မြင်ရရဲ့လား
မျက်မှန်မပါဘဲ နဲ့ "သူ၏ပခုံးကိုထိန်းကိုင်ထားသောလက်တို့ကိုပုတ်ချရင်း
အသက်ပျင်းပျင်းရူသွင်းကာ ခေါင်းမော့၍ သူရိန်ထက်အားကြည့်လိုက်သည်။
YOU ARE READING
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Romanceပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...