အပိုင်း(၂၄)

632 35 1
                                    

[Unicode]
စံအိမ်ရှိ ကားမှန်သမျှကို လရောင် သန့်ရှင်းရေးလုပ်နေသည်။

နူတ်ခမ်း အစွန်မှ အညိုမဲကွက်ကလေးက
ကားမှန်တွင် မြင်ရတော့
လရောင် တယောက် ဝမ်းနည်းလာရပြန်၏။

ရုံးသွားတော့မည်ဖြစ်သောကြောင့် သူရိန်ထက် ကားရှိရာသို့ ထွက်လာခဲ့ရာ
ကားသန့်ရှင်းရေးလုပ်နေသော လရောင်အားမြင်သောအခါတွင် ခြေလှမ်းအားခပ်သွက်သွက်လျောက်လာလိုက်သည်။

"လရောင်.. "
နွေးထွေးနေသောထိုခေါ်သံအား
ရုတ်တရက် ကြားလိုက်သောကြောင့် မျက်ရည်များပင်ဝဲချင်မိပါ သည်။

"အကိုသူရိန်
မနေ့က ကိစ္စအတွက် ကျနော် ကျနော်တောင်းပန်ပါတယ်
ကျနော်ဦးလေးကိုသေချာဂရုစိုက်ပါ့မယ်
နောက်ထပ်မဖြစ်စေရပါဘူး "

သူရိန်ထက် ပင်စကားမပြောရသေး
တရစက်တောင်းပန်နေသော လရောင်ကိုကြည့်၍ သူရိန်ထက် စိတ်မကောင်းဖြစ်ရသည်။

"ရတယ် မင်း အဖေ့ ကို မပြုစုသေးနဲ့ အန်တီဝိုင်းကိုငါမှာခဲ့ပြီးပြီ
ဒီနေ့ မင်းငါနဲ့ရုံးကိုလိုက်ခဲ့ "

"ဗျာ.....
ကိုသူရိန် ကျနော့်ကို မမြင်ချင်ဘူးမလားဗျာ
ကျနော် မလိုက်ချင်ဘူးဗျ

"အခု မြင်ချင်တယ်လေ ကွာ "

ပြောရင်းဖြင့် ပြုံးရောင်သမ်းသွားသော သူရိန်ထက်၏ မျက်နှာအား
အံ့သြစွာဖြင့် ကြောင်ကြည့်မိနေရာ

"ကဲပါ
ကားထုတ် ငါ့ကိုရုံးလိုက်ပို့တော့ "

"ဟုတ်ဟုတ် "

"ဖုန်းလဲ ယူခဲ့
မင်းပျင်းနေလိမ့်မယ် "

"ကျနော်က ကိုသူရိန်ကိုပို့ပြီး ပြန်ရမှာမဟုတ်ဘူးလား "

"မဟုတ်ဘူး ဒီနေ့ ငါ့အတွင်းရေးမှူးက အရမ်းဖျားနေလို့ ခွင့် ယူထားတယ်
မင်းငါ့နားမှာနေရမှာ "

"တော်ပါပြီဗျာ
ကျနော်ဖုန်းကောင်းကောင်းမသုံးတတ်ပါဘူးဗျာ မယူချင်ဘူး
ကျနော်မပျင်းပါဘူးဗျ "

"ကောင်းပြီလေ
အဲ့လိုဆိုလဲ သွားစို့ "

>>>>>>>>>>>>>>>>>>>>

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora