အပိုင်း ၈

739 38 0
                                    

[Unicode]
"မေမေ‌လေး
ဒီနေ့ ကိုကို့ထွန်းတောက်ကိုအိမ်ထမင်းစားဖိတ်ထားတယ်"

"အေး ညနေလာမှာလား
ဒေါ်ဝိုင်းကိုပြင်ဆင်ခိုင်းထားလိုက်"

ကုမ္ပဏီ ၏ ဒုတိယရှယ်ယာအများဆုံးထည့်ထားသောဦးဉာဏ်ဝင်း၏ သားဖြစ်သူ ထွန်းတောက်နှင့် ဝင့်ရည်မေတို့ ငြိစွန်းနေကြခြင်းကြောင့်ပင်။
ငွေမင်သူ ဒေါ်မယ်ရီသည်လည်း ငွေရှိအသိုင်းအဝိုင်းကဖြစ်သူမို့ ငြင်းစရာမလို။

ထွန်းတောက်သည် အလွန်ပွေရုပ်သူတယောက်ပင်။

"ဦးမြတ်မင်းးးးးးး"

"ဟုတ်ကဲ့
ကျနော်ရှိပါတယ် ဘာပြောမလို့လဲ မမကြီး"

"အိမ်တော်အတွက်အလုပ်သမား ရှာခိုင်းတာလူမရသေးဘူးလား"

"ဟုတ်ကဲ့ ရှာနေပါတယ်"

"ဟင်း
လူတွေကလည်း အရမ်းချမ်းသာကုန်ကြပြီ လားမသိပါဘူး လစာပိုပေးတာတောင် အလုပ်သမားကရှာလို့ကခုထိမတွေ့သေးဘူး

အိမ်မှာက အိမ်တော်ကြီး ကြီးသလောက် အလုပ်သမားက လုံလုံလောက်လောက်မရှိဘူး

ဟောအခုကြည့်
မောင်ထွန်းတောက်လာမယ့်ဟာ ဒေါ်ဝိုင်းကိုကူမဲ့သူမရှိပြန်ဘူး

အပြင်သွားဖို့ driver ကြပြန်တော့လည်း နင့်တူ သက်မောက်တယောက်ဘဲရှိပြန်တယ်

ရအောင်ရှာထား "

"ဟုတ်ကဲ့ မမကြီး"

.......................................

လေဖြတ်နေသော ယောကျ်ားဖြစ်သူကို ပြုစုရခြင်းကြောင့် လရောင်၏မိခင်ကိုယ်တိုင်လည်းအလုပ်မဆင်းနိုင်တော့ပေ။
ထို့ကြောင့်လရောင် ကသာငွေကို ဦးစီးရှာရခြင်း။
မိသားစုတစ်ခုလုံးကိုတယောက်ထဲလုပ်အားနဲ့ လုပ်ကိုင်ပေးနေရသော်ငြားလည်းအဆင်မပြေနိုင်သောကြောင့် လရောင်အလုပ်ရှာနေရသည်။

"အန်တီ
လရောင်ရှိလားဟင်
သမီးခွန်း ရေ အန်တီလရောင်ကို ဆေးဝယ်ခိုင်းလိုက်လို့ ခဏနေပြန်လာလိမ့်မယ် သမီး အိမ်ထဲလာလေ "

ခွန်း၏မျက်နှာမှာမရွင်ပြငြိုးငယ်နေသည်။

"ဦးလေး သက်သာရဲ့လားအန်တီ "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora