[Unicode]
အိမ်ထဲသို့ စတင်၍လှမ်းလိုက်သော ပထမဦးဆုံး ခြေလှမ်းသည်ကား
ခြောက်ကပ်ကပ် မည်သူမှမရှိတော့သည့် အိမ်တစ်လုံး။ဒေါ်ဝိုင်းနှင့် သက်မောင် ပြီးလျှင်
မိမိသာရှိတော့သည် ခြောက်ကပ်ကပ်အိမ်ကြီးကိုကြည့်ကာမျက်ရည်များက အလိုလျောက်စီးကျလျက်။
ပြဿနာတို့၏ တရားခံကား
မိမိကိုယ်တိုင်ကိုဘဲ အပြစ်တင်ရလေမလား။
လရောင်ကြောင့် ဟူ၍ လရောင်ကိုဘဲ အပြီးတိုင်မုန်းပြစ်ရလေမလား ဝေခွဲ၍မရ။မယားအငယ် ဒေါ်မယ်ရီကြောင့် အဖေဖြစ်သူအပေါ် စိတ်နာခဲ့ပေမယ့်လည်း
မိမိ၏ ဖြစ်တည်မူ့တိုင်းကိုလက်ခံပေးတဲ့အဖေက အနားမှာမရှိတော့ပြီ ။
အချစ်ကိုလည်းဆုံးရူံးခဲ့ရပြီ။အရာအားလုံးပျောက်ဆုံးသွားခဲ့ပြီးနောက်
သူရိန်ထက်၏ နှလုံးသားသည်လည်း တဖန် ကျောက်ခဲပမာ အေးစက်မာကျောသွားခဲ့လေ၏။ကုမ္ပဏီသို့ သူရိန်ထက် တဖန်ပြန်လာနိုင်ခဲ့ ပြီ။
မိမိ၏ ရုံးခန်း ထဲတွင် ထိုင်နေသော
ဦးကျော်စွာ အား ဦးစွာနူတ်ဆက်လိုက်သည်။"မင်္ဂလာပါ အန်ကယ် ကျော်စွာ"
"ဟာ မောင်သူရိန်
အန်ကယ်ဒီညနေဘဲ ငါ့တူဆီလာမလို့ဘဲ
သိတဲ့တိုင်း ဒီရက်ပိုင်းက အလုပ်အရမ်းများတယ်ကွာအန်ကယ်တောင် အခုမှ မင်းဘယ်လောက်ထိတော်တယ်ဆိုတာ သိတော့ တယ် ဟား ဟား "
"ကျေးဇူးတင်ပါတယ် အန်ကယ်
ကျနော် သတိမရသေးတဲ့အချိန်တွေမှာရော
အဖေ ဆုံးပါးသွားတဲ့အချိန်တွေမှာရော အားလုံးကိုစောင့်ရှောက်ပေးထားတဲ့အတွက်
တကယ်ကိုကျေးဇူးတင်ပါတယ်
အန်ကယ်ကို ကျနော် ကန်တော့ပါရစေ ""ဟာ .. ငါ့တူရာ ကန်တော့စရာမလိုပါဘူးကွာ
အန်ကယ် ဒီလိုမျိူးကူညီပေးတာ က
မင်းအဖေ အန်ကယ်တို့မိသားစုကို ကူညီခဲ့တာနဲ့ယှဉ်ရင်မပြောပလောက်ပါဘူးကွာ"အန်ကယ်ပြောရမယ်ဆိုရင်
"အဲ့နေ့ညက
အန်ကယ်မိန်းမက လည်း ကိုယ်ဝန်နေ့စေ့ လစေ့ကြီးနဲ့ အကြွေးတွေကလည်း ဝိုင်း
အကြွေးမဆပ်နိုင်လို့
အကြွေရှင်တွေက အိမ်ကိုသိမ်းသွားကြတယ်လေ
အဲ့ညမှာဘဲ အန်ကယ့်ရဲ့ မိန်းမက ဗိုက်နာပြီး မွေးတော့မယ့်အချိန် ကူညီခဲ့တာကမင်းအဖေပေါ့ကွာ ။
ထက်အာကာကြောင့် အန်ကယ့်ရဲ့သမီးလေးလည်း အသက်ဘေးကနေလွတ်ပြီး လူ့ဘဝထဲ ချောချောမွေ့မွေ့ရောက်လာနိုင်တယ် ဒါတင်မကသေးဘူး နေစရာ အိမ် လုပ်စရာအလုပ်ကစ လိုလေသေးမရှိအောင်ကူညီပေးခဲ့တာ
ВЫ ЧИТАЕТЕ
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Любовные романыပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...