[Unicode]
လရောင် သည် စံအိမ် မှ ရှိသမျှအလုပ်များအားလုံး ကို တစ်မနက်ခင်းထဲနှင့် သိမ်းကြုံး၍ လုပ်ထားသည်။
အချိန်ကို ကြည့်မိသည်က ညနေ သုံးနာရီထိုး နေပြီ။
ထိုနေ့မှဘဲ သူရိန်ထက်သည် ကုမ္ပဏီမှ စောစောပြန်လာခဲ့သည်။မခေါ်ဘဲ ရှေ့တွင်ပေါ်မလာရန် မှာထားသောစကားကြောင့် သူရိန်ထက် အိမ်ထဲဝင်လာသောအခါတွင် မိမိအခန်းထဲသို့သာ လျင်မြန်စွာပြေးဝင်မိသည်။
မိမိဝင်လာသည်နှင့် ပြေးသွားသော လရောင် အား ဖြတ်ခနဲ မြင်လိုက်၏။
*ဒီကောင်လေး ငါ့ကို ရှောင်နေတာလား
အော်... မနေ့က ငါပြောလိုက်တဲ့စကားကြောင့်ထင်တယ်
မနေ့က ကိစ္စ
ငါလွန်များသွားပြီလား*
သူရိန်ထက် အတွေးများဖြင့် ပြန်ရောက်လာခဲ့သည်။
လရောင် ရေချိုး အဝတ်စား လဲပြီး ဆင်းလာသောအခါ
အချိန်က ညနေ လေးနာရီ ထိုးနေပြီ။"အန်တီဝိုင်း
ကျနော့်ကို ဘာခိုင်းဦးမလဲ""ဘယ်သွားမလို့လဲ သား "
"ကျနော် အရေးကြီး ချိန်းထားတာလေး ရှိလို့ အန်တီဝိုင်း
ကျနော်ခဏ သွားဦးမယ်နော် ""အေး အေး
မိုးမချုပ်စေနဲ့နော် သား""ဟုတ်ကဲ့ "
ဦးထုပ်အဖြူရောင်လေးကိုဆောင်း လွယ်အိတ်ကို လွယ်၍ ထွက်သွားသည်ကို ဧည့်ခန်းထဲတွင် စာအုပ်ဖတ်နေသော
သူရိန်ထက် မြင်လိုက်၏။
ထို့ကြောင့် သူရိန်ထက် ချက်ချင်းထ၍"အန်တီဝိုင်း
လရောင် ဘယ်သွားတာလဲ ""အရေးကြီးတွေ့စရာလူ လို့ ပြောတယ်သား
ဘယ်သွားလဲတော့ အန်တီဝိုင်းကိုမပြောသွားဘူး "သူရိန်ထက်၏ သိချင်စိတ်များက တဖွားဖွားပေါ်နေ၏။
ထို့ကြောင့်ကားသော့ကို ယူ၍ လရောင်၏ နောက်သို့ တိုးတိတ်စွာလိုက်သွားလေသည်။
လရောင် ငှားစီးသွားသောတက္ကစီနောက်မှ တောက်လျောက် လိုက်လာခဲ့ရာ ထိုတက္ကစီ အဆုံးသတ်သွားသောနေရာသည် ကား
ကန်တော်ကြီး ပင်။
YOU ARE READING
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Romanceပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...