အပိုင်း (၃၃)

577 28 0
                                    


[Unicode]
"အန်ကယ် ကျော်စွာ
ဒီနေ့ ညနေဖိတ်ထားတဲ့
ကုန်ပစ္စည်း မိတ်ဆက်ပွဲ နဲ့တွဲ လုပ်တဲ့
Dinnerကို ကိုယ်စားတက်ပေးနိုင်မလားဗျ

ကျွန်တော် rain centerမှာ တစ်ချက် သွားပြီး စာရင်းတွေ စစ်မလို့ ဆိုင်ခန်းတွေရဲ့ ရောင်းအားကော စစ်ဆေးစရာ ရှိလို့ "

"ဟုတ်ပြီ သား
အဲ့ဘက်သွားဖို့ သား အကူလိုသေးလား
တယောက်ထဲ အဆင်ပြေပါ့မလား "

"ကျနော်လုပ်နိုင်ပါတယ် အန်ကယ်
ဒါနဲ့ ကျနော့်အတွင်းရေးမှူး က အလုပ်ထွက်သွားတာ ကြာပြီလား "

" အင်း..
၅လလောက်ရှိပြီ သား
သူ့ နယ်ကိုပြန်ပြီး လက်ထပ် တော့မယ်ဆိုပြီး အလုပ်ထွက်သွားတာ "

"အော်...
အတွင်းရေးမှူးအသစ်ကတော့ ကျနော်နောက်မှ ခေါ်တော့မယ်
အခုတော့  မခေါ်သေးပါဘူးဗျာ "

"ကောင်းပါပြီ
အန်ကယ်က မင်း အရမ်းပန်းသွားမှာဆိုးလို့ "

"ကျေးဇူးတင်ပါတယ်ဗျ
ကျနော့်ကို သွားခွင့်ပြုပါဦး "

သူရိန်ထက် အလုပ်အကူမပါ

လရောင်၏ ပုဆိုးစကိုဆွဲ ခြေထောက်ကိုသိုင်းဖက် တာ ငိုနေသော ကူးကူးလေး

"ကူးကူးလေး
ဘာလို့ငိုနေတာလဲ ကူးကူးရဲ့
ဖေဖေ က ပြန်လာမှာလေ

ခွန်းကလဲ ပြန်မလာသေးဘူးကွာ
ငါအလုပ်သွားလျောက် ရမှာပါလို့ ပြောထားရဲ့သားနဲ့ "

"အီး...အဟင့်အဟင့်.... ကူးကူး လိုက်
ကူးကူး လိုက်လိုက် "

"အေးပါ ကူးကူး ရယ်
ဖေဖေ ခေါ်မယ်နော်
ကဲ လာလာ "

အငိုမတိတ်သည့် ကူးကူးလေး အား ပွေ့ကာ
မတတ်နိုင်သည့်အဆုံး လရောင် အလုပ်လျောက်သည့်နေရာသို့ခေါ်သွားရတော့သည်။

ထိုနေ့မှ ကားလမ်းသည်လည်းအလွန်ကျပ်သည်။
အင်တာဗျူး အချိန် ကလည်း အလွန် ကပ်နေ၏။
နာရီကိုကြည့်တော့အချိန် ဘယ်လိုမှ မမှီတော့သည်ကို တွက်ဆမိသည်။

"သွားပါပြီကွာ ကူးကူးလေးနဲ့ ငါအင်တာဗျူးဖြေနေလို့လဲ အဆင်မပြေနိုင်ဘူး
အချိန်လဲ မမှီတော့ဘူး မထူးတော့ပါဘူး

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Onde histórias criam vida. Descubra agora