[Unicode]
ကလင်.... ကလင်... "ဖုန်းမြည်လာသောကြောင့် ဒေါ်ဝိုင်း မီးဖိုချောင်မှ အပြေးအလွှားထွက်လာ၏။
"ဟယ်လို ဟုတ်ကဲ့ ဘယ်သူနဲ့ပြောချင်လို့ပါလဲရှင် "
"ဟုတ်ကဲ့ ခင်ဗျ
သူရိန်ထက် အိမ်ကလားဗျ""ဟုတ်ပါတယ်ရှင့် ဒါမဲ့အခု မောင်သူရိန်အပြင်သွားပါတယ် "
"မဟုတ်ဘူးဗျ အခု သူရိန်ထက် ကား
အက်စီးဒင့်ကြောင့် ဆေးရုံရောက်နေတယ်ဗျ
ဒဏ်ရာအရမ်းပြင်းတယ်ဗျ အဲ့တာလှမ်းအကြောင်းကြားတာပါ ""ရှင်.... မောင်သူရိန်
ကားတိုက်တယ်
အမလေး.. ကိုယ်ကျိုး တွေတော့နဲကုန်တော့မှာဘဲအကိုကြီး ရေ..... အကိုကြီး "
ဒေါ်ဝိုင်းတယောက်အော်သာအော်နေသော်လည်း နောက်မှအသိစိတ်လည်ကာ
"ဟာ ငါ အကိုကြီးကိုပြောပြလိုက်ရင် နှစ်ယောက်လုံးအိပ်ယာထဲ လှဲကုန်မယ်မဖြစ်ဘူးမဖြစ်ဘူး ငါပြောလို့မဖြစ်ဘူး "
အသံကုန်အော်၍ တတ်လာသော ဒေါ်ဝိုင်း ကြောင့် ဦးထက်အာကာ အခန်းမှ ထွက်လာသည်။
"ဟဲ့ .. မဝိုင်း
ဘယ်ပြန်သွားတာတုန်းအခုကြ
အစောက ကြ အော်ဟစ်နေပြီးတော့ ""အကိုကြီး.... စိတ်ကိုငြိမ်ငြိမ်အေးအေးထားပေးပါ နော်"
"အေးပါ.. ဘာပြောမှာလဲ ဘာကိစ္စလဲ "
"ဟို .. ဟို
မောင်သူရိန် ကားတိုက်ခံထားရလို့ ဆေးရုံရောက်နေတယ်တဲ့ "
"ဘယ်လို....
အားကျစ် ကျစ်...."
ရင်ဘက်နာကျင်မူ့ကြောင့် ဦးထက်အာကာ ဟန်ချက်ပင်ပျက်သွားသည်။
"အမလေး အကိုကြီး သတိထားဦး
အကိုကြီးလဲသွားလို့မဖြစ်ဘူး
စိတ်အေးအေးထား သတိထားပါဦး""နေနေ ရတယ်မဝိုင်း
ငါ အဆင်ပြေတယ်
သက်မောင်ကိုခေါ် ဆေးရုံလိုက်သွားရအောင်"ဦးထက်အာကာ သည် နှလုံးရောဂါ ဝေဒနာကိုအပြင်းအထန်ခံစားဖူးသူဖြစ်၏။
ယခုထိတိုင်လည်း ခံစားနေရဆဲပင်။
YOU ARE READING
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Romanceပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...