အပိုင်း(၂၆)

584 26 0
                                    

[Unicode]
"ကျွန်တော် လက်ထပ်တော့မယ် ကိုသူရိန်"

"ဘာ......
လရောင်
မင်းဘာပြောလိုက်တယ်"

"ကျွန်တော်နဲ့ ခွန်းလက်ထပ်ကြတော့မယ် "

"မင်းလာနောက်နေတာမလား လရောင် "

"ကျနော်တောင်းပန်ပါတယ် "

လရောင် သူရိန်ထက်၏ ‌ဒေါသမျက်ဝန်းတို့အား ရင်မဆိုင်ရဲ မျက်လွှာကိုချထားလိုက်သည်။

လရောင်၏ ပုခုံမှ ဆွဲရမ်းလူပ်ကိုင်ကာ

"မင်းဘာကိုတောင်းပန်ချင်တာလဲ
ငါကိုမင်း ကစားလို့ဝသွားတဲ့အတွက်လားးးး
ဟမ်....

ငါ့ရင်ဘက်တစ်ခုလုံးကိုမင်းအားရပါးရ တစ်ချက်ထဲနဲ့ ကန်စုတ်ပစ်လိုက်တယ်တယ်ပေါ့လေ
ဟုတ်လား "

"ရော့ ."

လရောင်၏ လက်ထဲသို့ ဓားတစ်လက်ထည့်ပေးလိုက်ကာ

နှလုံးတည့်တည့်ရှိရာသို့ချိန်ရွယ်စေလိုက်သည်။

ထိုအပြုအမူက လရောင်အားအကြီးအကျယ်တုန်လူပ်သွားစေသည်။

မျက်နှာပေါ်တွင်မျက်ရည်စက်လက်ဖြင့်
ဓားကိုကိုင်တွယ်ထားသော လက်တို့က တုန်ရီစွာ.....

"ဒီမှာ ဒီနေရာကိုထိုး
ငါအခုနာနေတာ ဒီနေရာက
ဒီနေရာကို တစ်ခါထဲ ထိုးသတ်ပလိုက် "

လရောင် တုန်ရီစွာဖြင့် ဓားကိုင်ကာချိန်ရွယ်ထားသောလက်အား ချလိုက်သည်။
သို့သော် ချက်ချင်းပင်
ထိုလက်အားပြန်ကောက်ယူ၍
သူရိန်ထက်ကိုယ်တိုင် ထိုဓားဖြင့်
နှလုံးတည့်တည့်သို့ထိုးစိုက်စေလိုက်သည်။

ချက်ချင်းဆိုသလိုသွေးအိုင်ထဲတွင်လဲကျသွားလေသည်။

*****
*****
*****
"အား........ အားးးး"

ဟုအော်ဟစ်ကာ လရောင်အိပ်ယာမှနိုးထလာခဲ့‌လေ၏။

အိပ်ယာမှ နိုးသော်
လရောင်၏ တစ်ကိုယ်လုံးချွေးစေးချွေးပေါက်တို့က ဖြိုင်ဖြိုင်ကျနေ၏။
မျက်နှာပေါ်တွင်လည်း မျက်ရည်များဖြင့်
ပေပွကာ

"ငါ.....

ငါအိပ်မက် မက်နေတာဘဲ "

*အိပ်မက်.....
အိပ်မက်ဆိုပေမဲ့
ငါဒီလိုဖြစ်ရပ်မျိူးကိုငါရင်ဆိုင်ရတော့မယ်

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Donde viven las historias. Descúbrelo ahora