အပိုင်း (၄၃)

808 28 4
                                    




[Unicode]
ကားထဲတွင်သာ တစ်မနက်ခင်းလုံး အချိန်တွေ ကြာသွားခဲ့သည်။
သူရိန်ထက်၏ အစည်းဝေး ဘယ်အချိန်
ဘယ်လိုပြီးစီးမည်ဆိုသည်ကိုလည်းမသိ ။

နေ့လည်စာ စားရန် ဆင်းလာမည့်အချိန်ကိုသာ စောင့်စားရင်း သူရိန်ထက် ထွက် လာမည်ကိုမျှော်နေမိသည်။

အစည်းဝေး ပြီးတော့

"သူရိန် "

"လာ ကျနော်နေ့လည်စာကျွေးပါရစေ "

"နေပါစေ ကိုထွန်းတောက်
ကျနော့် ကိုစောင့်နေတဲ့သူရှိနေလို့"

"အော် သူရိန်ရာ
ကျနော်ကလည်း ရံဖန်ရံခါ မှ ကျွေးဖြစ်တာပါ"

"လာပါ ကျနော်လိုက်ကျွေးချင်လို့ပါ "

မိမိကားထံသို့ မလာဘဲ
တခြား မိတ်ဆွေ ၏ ကားပေါ်သို့ တက်သွားသည်ကိုလရောင်မြင်လိုက်သည်။

"ဟင်...
အကိုက ဘာလို့ အဲ့ကားပေါ်ကိုလိုက်သွားတာလဲ
ငါကစောင့်နေတာကိုကွာ....

မရဘူး ကျနော့်ကိုအဲ့လိုလာလုပ်လို့မရဘူး
ကျနော်ကတော့ လိုက်နေမှာဘဲ "

လရောင် မြင်သည်မှာ သူရိန်ထက်တစ်ဦးကိုသာမြင်၏။ ဘေးတွင် အတူပါသွားသောမိတ်ဆွေ အား လရောင် မမှတ်မိပေ။

စားသောက်ဆိုင်တစ်ခုရှေ့ရောက်သော်.
ကားရပ်သွားပြီး သူရိန်ထက်နှင့်အတူ ထွန်းတောက် ဆိုင်ထဲသို့ဝင်သွားကြသည်။

လရောင်သည်လည်း ခပ်လှမ်းလှမ်းမှထိုစားသောက်ဆိုင်ထဲသို့ အတူလိုက်ဝင်သွားခဲ့သည်။

သူရိန်ထက်တို့ စားသောက်ရန် ဟင်းပွဲများမှာနေ၏။
လရောင်သည်ကား သူရိန်ထက် နှင့် ခပ်လှမ်းလှမ်း စားပွဲတွင်ထိုင်၍
အအေးတစ်ခွက်သာမှာလိုက်သည်။
ဗိုက်ဆာနေသော်လဲ နေ့လည်စာအတွက်မမှာရဲ အပိုငွေကုန်မှာ စိတ်ပူတက်သူ။

ခဏအကြာ ဝိတ်တာလေးက လရောင်ထံသို့
ခေါက်ဆွဲကြော် ပန်းကန်ကိုလာချပေးသည်။
လရောင်က အံ့သြစွာကြည့်ရင်း

"ဟို... ညီလေး
အကို ဒါ မမှာထားဘူးလေ "

"မဟုတ်ဘူးဗျ
ဟိုဘက်ဝိုင်းက အကိုက အကို့အတွက်မှာပေးတာ "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Where stories live. Discover now