အပိုင်း(၄၀)

661 28 3
                                    

သူရိန်ထက် တယောက် အရက်အလွန်ပင်မူးနေပြီ။
"ဘာတွေလဲ
ဘာလို့လဲ လာရှင်းပြကြစမ်းပါ "
ထိုစကားကိုပင် ထပ်ခါထပ်ခါ ပြော၍

"ကိုသူရိန်
တော်ပါတော့ ခင်များအရမ်းမူးနေပြီ
မသောက်နဲ့တော့ "

"
လရောင် .....
မင်းဘယ်လိုဖြစ်ပြီး ငါ့နားရောက်နေတာလဲ
ဟားးး .... မဖြစ်နိုင်တာ
ကြည့်ပါဦး ငါမူးနေတာတောင်သူ့ကိုဘဲ လာမြင်နေတယ် ဟားဟား "

"ကိုသူရိန် .... "

"ဟင်...
ငါအခုအရမ်းရူပ်ထွေးနေတယ်ကွာ...
ငါလေ မင်းကိုအရမ်းချစ်ခဲ့တာကွ
ဒါမဲ့ ကွာ မင်းငါ့နားက ရုတ်တရက် ထွက်သွားခဲ့တယ်
ငါလိုက်ရှာတဲ့ချိန် သိလိုက်ရတာ
တခြားမိန်းခလေးနဲ့လက်ထပ်သွားတယ် တဲ့

လရောင် မင်းပြော ငါ အရမ်းချစ်တဲ့သူက ငါ့ကိုအကြောင်းပြချက်မရှိ အဲ့လိုလုပ်သွားတာ ငါ ဘယ်လောက်နာကျင်လဲဆိုတာ သိလား
မင်းပြောမင်းသိရဲ့လား...

ငါမင်းကိုအရမ်းချစ်ခဲ့တာကွ
ငါမင်းကိုမုန်းလိုက်ချင်တယ်
ဒါမဲ့ ငါအခုထိ မင်းကိုမမုန်းနိုင်ခဲ့ဘူး... "

ရီဝေစွာဖြင့် ဝိုးတဝါး ဖြစ်နေသောလရောင်အား ကြည့်ရင်း မျက်ရည်များက ပါးထက်သို့ စီး ကျလာခဲ့သည်။

ထိုသို့ပြိုလဲ နေသည်ကို မြင်ရသော လရောင်က ပို၍ပင် နာကျင်လာရသည်။ ရှင်းပြချင်သော စကားများကိုပြန်လည်မြိုသိပ်ရင်း ရင်ထဲတွင်စူးနင့်လာရပြန်သည်။ထို့နောက်
လျှံကျလာသော မျက်ရည်ကိုပင်မတားဆီးနိုင် ငိုမိတော့၏။

သူရိန်ထက်၏ ပါးပြင်မှ မျက်ရည်စများကို
ငြင်သာစွာသုတ်ပေးလိုက်ပြီး....
ပါးပြင်အား နူးညံ့စွာ ကိုင်တွယ်ထားမိသည်။မိမိ၏ မျက်ရည်များကတော့ အတားစီးမဲ့စွာ...

"ကျနော်လဲ အကို့ကို အရမ်းချစ်တယ်...
ကျနော်လဲ အရမ်းချစ်ပါတယ် "

တပြိုင်ထဲမှာပင် သူရိန်ထက်ကမိမိကိုယ်ကိုပင်မထိန်းနိုင် လရောင်၏ ရင်ခွင်ထဲသို့ အိပ်ပျော် သွားတော့သည်။
မူး၍ အိပ်ပျော်နေသော်လည်း အငို က မရပ်။

သူရိန်ထက်၏ ထို ပုံစံကိုမြင်ရသည်က ပထမဆုံးဖြစ်သည်မို့ ရပ်ကြည့်နေမိသော
သက်မောင် ကပင် သနားလာမိသည်။

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Where stories live. Discover now