အပိုင်း (၃၆)

567 26 7
                                    

"ခွန်း...
နင်ပြီးပြီလား
ငါတို့သွားစို့လေ "

"နေပါဦးဟ
နင်ကလည်း လောနေလိုက်တာ "

ဆံပင်အားမြန်မြန်သပ်ကာ သုတ်သုတ်ထွက်လာသည်။

"ပြီးပြီ
လာသွားစို့ "

ာလရောင် ဘားမှမပြောစိုက်၍သာ ကြည့်နေသည်။

"ခွန်း နင်ဘာမေ့နေသေးလဲ"

"ငါလား မမေ့ပါဘူး စုံပြီ စုံပြီ
သွားစို့ "

"နင်မေ့နေပါတယ်"

"အော် မမေ့ပါဘူးဆိုဟာ "

"ဘယ်မှာလဲ ကူးကူးက "

"အော်.... အေး ဟုတ်သားဘဲ
ကူးကူးကို သူ့အဖွားစီထားခဲ့ရမှာငါမေ့နေလိုက်တာ
ကူးကူး က အိပ်နေတုန်း
ဟီးဟီး "

"ခွန်းနော် နင် ငါပြောရင်လည်းမကြိုက်ဘူး
ကိုယ့်ကိုကိုယ်အပျိုထင်နေလားမသိဘူး "

"အမလေး ဟယ်
ငါမေ့နေလို့ပါဟဲ့
ပွစိပွစိနဲ့ ငါ့ကိုနားငြီး အောင်ထပ်ပြောဦးမလို့"

ခွန်းနှင့်လရောင် တက္ကစီ ကိုစီး၍ အလုပ်အင်တာဗျူး ဖြေရန် သွားကြပြီ။
သို့သော် ဘယ်နေရာတွင်လုပ်ရမည်ကို လရောင်မသိသေး။

သို့‌ေသာ်ကားဆရာ ရပ်လိုက်သည့် နေရာသို့ရောက်သော်.....

"ခွန်း
ငါတို့အလုပ်လုပ်ရမှာက ဒီနေရာလား
နင် ဟာ.... နင်
ငါဒီမှာ လုပ်လို့မဖြစ်ဘူးလေ ကွာ
တော်ပြီ ငါပြန်မယ် ငါဒီမှာမလုပ်ဘူး "

လရောင် ၏ လက်ကို ခွန်းက ‌ဆွဲထားသည်။

"လရောင်
နင်ငါ့ကိုသေချာကြည့် "

ဒီနေရာမှာ ဘယ်သူရှိတယ်ဆိုတာကို
ငါသိတယ်
နင့်အကြောင်းကိုလည်း ငါအသိဆုံး

နင် ကိုသူရိန်နဲ့ မျက်နှာချင်းမဆိုင်ရဲပေမယ့်
နင်သူ့ကိုအမြဲတမ်း သတိရနေတာလည်း ငါသိတယ် နင်ချစ်နေသေးတာလည်း ငါသိတယ်

ငါ့အတွက်ကြောင့်နဲ့ ထပ်ပြီး
ချစ်ရတဲ့သူ့ကို မစွန့်လွတ်စေချင်ဘူး
ငါနင့်ကို ပျော်စေချင်တယ် "

"ဒါမဲ့ မဖြစ်ဘူးလေ ခွန်း
ငါက ကူးကူးလေးရဲ့အဖေအဖြစ်ခံယူထားတယ်လေ
ပြီးတော့ သူငါ့ကိုအရမ်း မုန်းနေမှာငါသိတယ် "

အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/ Where stories live. Discover now