Ep (21) - May

175 31 8
                                    

အပြာနုနဲ့ အဖြူကို လိုက်ဖက်စွာ ရောစပ်ခြယ်သထားတဲ့ Cakeလေးကိုကြည့်ကာ ‌မှန်းထားခဲ့သည့်အတိုင်း စိတ်တိုင်းကျရသည့်အတွက် Junmyeonသဘောကျ ကျေနပ်နေမိသည်။စုတ်ချက်သဖွယ် creamကိုပုံဖော်ထားပုံက ဆွဲလက်စ ခပ်ကြမ်းကြမ်းလက်ရာပန်းချီနှင့်တူနေပေမဲ့ အမှန်တကယ်တည်ငြိမ်ညိမ့်ညောသည် ၊ ရိုးရှင်းပေမဲ့ အတော်လေးဆွဲဆောင်မှုရှိသည်။ အနက်ရောင်စာတန်းလေးက ကိတ်ပေါ်မှာထင်းရင်းစွာနေရာယူထားသည် ။

Happy Birthday Ko Lay ❤️

တိတိကျကျ လှလှပပ ၊ သူတကယ်ရင်ထဲကပြောပြချင်နေသည့် စကားလုံးပေါင်းများစွာကို အနီရောင်အသည်းလေးတစ်ခုနှင့်ပင် လေးနက်စွာဖော်ကျူးထားသည်။ ကိုလေးလို အထက်လူကြီးလည်းဖြစ် တည်ငြိမ်အေးဆေးသည့် ယောကျာ်းသားတစ်ဦးကို ဤမျှလောက်သာဖော်ပြရုံက သင့်တော်လိမ့်မည်ဟု Junmyeonယူဆထားမိလို့ပင်ဖြစ်သည် ။ စိတ်ရှိတိုင်းသာဆို တဖွဲ့တနွဲ့ romanticတွေဆန်ပစ်လိုက်ချင်စိတ်က အလွန်အကျူးနှင့်မို့ ထိန်းချုပ်ထားရသည်။ ပြီးတော့ ကိုလေးက သူ့ကိုချစ်နေပါပြီလို့ ဖွင့်ပြောထားတာလည်းမဟုတ် ရည်းစားလည်းမဟုတ်သေးဆိုတော့ အများကြီးချစ်ပြဖို့ရန် ချိန်ဆတွေးတောနေရသေးသည်။ ကိုလေး ကျွန်တော့်ကိုချစ်တယ်လို့ ဒီနေ့မှာဖွင့်ပြောလာခဲ့ရင်..... အတွေးနဲ့တင်အသည်းစိုင်တစ်ခုလုံး တလှုပ်ရွရွဖြစ်စေသည်၊ နှလုံးသားက ကမ်းပေါ်တင်လာသည့် ငါးတစ်ကောင်လို တဖျက်ဖျက်နှင့် လှုပ်ခတ်နေသည်။ cakeနှင့် လက်ဆောင်အိတ်ကို ဂရုတစိုက်သယ်ရင်း meetingခန်းထဲသွားရာလမ်း၌ ဖွင့်ပြောခံရရန် ရင်ထဲကတိတ်‌တိတ်လေးဆုတောင်းနေမိသည်။

တစ်ပတ်ခန့် Schedule ကိုသေချာလေ့လာကာ စုံစမ်းထားရသလောက် ဒီနေ့ meetingမရှိသည့်အတွက် အခန်းလွတ်နေမည်မှာအသေအချာ။ Xinglayကို surpriseတိုက်လို့ကောင်းမည့်နေရာ ၊ သူ့ကိုလည်း ဖွင့်ပြောရန်ကောင်းသည့်နေရာ ၊ တိတ်ဆိတ်လူရှင်းသည့် ဒီmeetingခန်းလေးက မကြာမီ စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်နေတော့မည်။

စားပွဲပေါ်မှာ cakeကိုတင်လိုက်ပြီး birthday ဖယောင်းတိုင် 5တိုင်စိုက်ထားလိုက်သည်။ တစ်လလုံး ဘာမှမသုံးဘဲ လိုချင်တာတွေစားချင်တာတွေအကုန် အောင့်အီးသည်းခံကာ ပိုက်ဆံစုပြီး ဝယ်ထားသည့် Diorရဲ့ Fahrenheit 32 ရေမွေးပုလင်းအသစ်စက်စက်လေးကို လက်ဆောင်ဗူးထဲက နောက်ဆုံးအကြိမ်ထုတ်ကြည့်လိုက်သည်။ မဖောက်ကြည့်ရသေးပေမဲ့ ရနံ့တချို့က ခပ်ပြယ်ပြယ်လွင့်မျောနေသည်။ ငွေဈေးအတက်အကျ Shipping feeတို့နှင့် ၅သိန်းနီးပါးသုံးခဲ့ရပေမဲ့ ဒီရေမွှေးအနံ့ကို ကိုလေးထံမှ အမြဲရနေမယ်ဆိုတာကို စိတ်ကူးလိုက်ရုံနဲ့တင် တန်လွန်းမကတန်နေပါပြီ ။ ထိုတန်ဖိုးမှာ Junmyeonကိုယ့်အတွက်ကိုယ် တစ်ခါမှမသုံးခဲ့ဖူးရလောက်အောင် သူ့အတွက်တော့များလွန်းပေမဲ့ Xinglayအတွက်တော့ စေတနာသဒ္ဓါတရားက ဆည်ကျိုးသလို တဝေါဝေါနှင့်ပေမို့။ တွေးရင်းနှင့် အလိုလိုပြုံးတတ်တဲ့အကျင့်က အခုတလောပိုလုပ်ဖြစ်လာသည်။ ကိုလေး surpriseဖြစ်ပြီး ပျော်သွားပါစေ....

နစ်မွန်းဋီကာ  Asphyxia Dove le storie prendono vita. Scoprilo ora