[အနည်းငယ်Ratedဖြစ်သော sceneတချို့ ပါမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပါသည်၊ အသက်မပြည့်သေးသော ကလေးများက အောက်မှာwarningပေးထားတဲ့ နေရာရောက်ပါက ဆက်မဖတ်သင့်ပါ]
Sehunကို toiletဟုသာ ပြောလာခဲ့သော်လည်း Junmyeonသည် Hotel ဝန်းကျင်၊ ကျွန်း၏တစ်နေရာတွင် ရှားပါးအလှပန်းမျိုးစုံ စိုက်ပျိုးခင်းကျင်းထားသည့် ဥယျာဉ်လေးထဲသို့ ရောက်ရှိလာခဲ့သည်။ လူတော်တော်များများဟာ partyထဲမှာရှိနေကြသည့်အတွက် ဤနေရာတွင် လည်ပတ်သူရှိနေပုံမရပေ။ သိပ်မကျယ်သော်ငြား လျှောက်လမ်းအစအဆုံးလျှောက်ကြည့်လျှင် ဓာတ်ပုံရိုက်စရာဖန်တီးပေးထားသည့် နေရာတော်တော်များများကို တွေ့ရသည်။ အနောက်တိုင်းပုံစံ အဖြူရောင်ခုံတန်းရှည်လေးတွေလည်း ထားပေးထားသလို ဓာတ်တိုင်လှလှလေးတွေလည်း စီတန်းလျက်ရှိသည်။ လျှောက်လမ်း၏ အလယ်တစ်နေရာတွင် ၁၀ပေခန့်ရှည်လျားသည့်ကျောက်သားနံရံတို့က လမ်းတစ်ဖက်တစ်ချက်စီတွင် မြင့်မားထည်ဝါစွာတည်ရှိသည်။ ထိုအဖြူရောင်ကျောက်သားတို့တွင် လက်ရာမြောက် ပန်းပုလက်ရာတို့ကို ထွင်းထုထားလေသည်။ အင်မတန် လှပကျော့ရှင်းသည့် အမြီးရှည်ကြီးတစ်ခုကို ပိုင်ဆိုင်ထားသည့် ရေသူမပုံစံ ပန်းပုကို Junmyeonအတော်ကြာကြာ ငေးနေမိသည်။ အခုပဲအမြီးလေး တဖျက်ဖျက်ခတ်ကာ ကူးလွန့်ပြတော့မည့်ဟန်က တကယ့်ကို အသက်ဝင်လွန်းလှသဖြင့် Junmyeonဟာ ကျောက်နံရံကြီးနားသို့ ရောက်ရှိသွားလေသည်။ အသေးစိတ်ထွင်းထုထားသည့် အကြေးခွံတစ်ခုချင်းကို အသာအယာထိတွေ့ကြည့်တော့ စကျင်ကျောက်၏ အေးစက်မှုနှင့် ထွင်းထုသူတို့၏ ချောမွေ့သည့်အနုပညာလက်ရာဟာ ချီးကျူးစရာကောင်းလောက်အောင် ပရိသတို့စိတ်နုလုံးကို လွှမ်းမိုးနိုင်သည်။
"Junlay..."
Junmyeon ဆက်ခနဲတုန်သွားသည်။ ထိုကြည်လင်ခန့်ညားတဲ့
ခေါ်သံကိုကြားရုံနှင့် မည်သူမည်ဝါမှန်းသိရှိပြီးဖြစ်သည်။"Mayအနားမှာ ဘာလို့မနေရတာလဲ ကိုလေး ၊ Mayပျင်းနေအုံးမယ် "
Junmyeon နောက်သို့ လှည့်မကြည့်ချင်ခဲ့ပေ။ အရက်မူးရင် စိတ်ဓာတ်တွေက ပျော့ညံ့သွားတတ်တာမို့ နောင်တရစရာတစ်ခုခုဖြစ်မှာကို စိုးရိမ်ရသည်။
DU LIEST GERADE
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...