Updateနောက်ကျတာတွေအတွက် အရမ်းကို တအားကို ပိုးစိုးပက်စက်ကို အားနာပါတယ် တောင်းပန်ပါတယ်လို့ 😓
************************************
အကို Xinglayတိုက်ခန်းရဲ့ ဝရံတာကလည်း ကျွန်တော့်တိုက်ခန်းဝရံတာနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေသည်က ဝရံတာဘက် ထွက် စာကျက်ရသည့်အကြောင်းရင်းဖြစ်သည်။ သူ့ကိုမြင်လျှင် ချီးကျူးစေချင်တာလည်းပါသည်။ သူ့အခန်းလိုက်ကာလေးကိုငေးရင်း စာကျက်ရရင် စာပိုမှတ်မိလွယ်သည်ဆိုသော တဖတ်သတ်ရူးကြောင်ကြောင်စိတ်ကူးကြောင့်လည်းဖြစ်နိုင်သည်။
"Junmyeon..?''
" လန့်လိုက်တာ!!''
" sorry... ကိုယ်ကဂိမ်းဆော့မလားလို့ လာခေါ်တာ ဒီနေ့ဂိမ်းခွေအသစ်တွေဝယ်လာတယ် ဘယ်လိုလဲ ကိုလေး နဲ့ဆော့မှာလား ''
စာကကျက်သာကျက်နေတာ ငြီးငွေ့နေမည့်အတူတူ ဂိမ်းဆော့မည့်အစီအစဉ်ကိုတော့ ကျွန်တော်စိတ်ဝင်စားသွားသည် ။
"Xing လာလေ ဂိမ်းဆော့ရအောင် ငါကတော့ နင်ဘယ်များရောက်သွားလဲ လိုက်ရှာလိုက်ရတာ အမလေး မောလိုက်တာ''
ဟင်! ဒီအမ က ဘယ်သူလဲ ဘာလို့ သူ့ကို တရင်းတနှီးပြောနေတာလဲ ဘာတွေလဲ။ စက္ကန့်ပိုင်းလေးနှင့် ခြုံငုံသုံးသပ်လိုက်သည်။ ရုပ်လေးကလည်းမဆိုးဘူး သူကြိုက်နေတဲ့သူများလား။ ကြိုက်ရင်ကြိုက်နေမှာပေါ့ သူလည်းအရွယ်ရောက်နေပြီကိုး။
"တောက်''
"Junmyeonဘာလို့လဲ ကိုလေး ကိုစိတ်ဆိုးတာလား စာကျက်မရအောင်လုပ်လို့လား''
"မဟုတ်ပါဘူး ကျွန်တော်မလိုက်တော့ဘူး စာမေးပွဲနီးပြီ စာကျက်ရအုံးမယ် ဆရာမစာမေးမယ်ပြောတယ် ပြီးတော့ ကျွန်တော် သူစိမ်းတွေနဲ့မနေတတ်ဘူး''
"သူစိမ်းမဟုတ်ပါဘူးကွာ ကိုကိုမိတ်ဆက်ပေးမှာပေါ့ ဒါ ကိုကိုနဲ့ကျောင်းမှာ တစ်ခန်းတည်း ၊ ဟိုဘက့်ကတိုက်မှာနေတာ ကားလည်းတူတူစီးတာလေ Junmyeon သတိမထားမိလို့နေမယ်''
"Aww အဲ့လိုလား imm imm
ကားတူတူစီးလည်း ကျွန်တော်ကကိုယ့်ဘေးနားလာထိုင်ရင်တောင် အာရုံထားတတ်တာမဟုတ်ဘူး အရေးမကြီးတာတွေဆို သိပ်မမှတ်ထားတတ်လို့ sorry''
![](https://img.wattpad.com/cover/196909516-288-k345053.jpg)
BINABASA MO ANG
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...