ကျောင်းကားပေါ်တက်လာတည်းက ထိုကောင်လေးက ကျွန်တော့်အမြင်ထဲ လင်းလက်နေသည်။ စိတ်ရှုပ်ထွေးခြင်းနှင့်အတူ ကြောက်ရွံ့မှုအနည်းငယ် ရောထွေးနေတဲ့ မျက်နှာလေးက တစ်စုံတစ်ခုကို အလောတကြီးရှာဖွေနေသလို ဘယ်ကြည့်လိုက် ညာကြည့်လိုက်နှင့် နဖူးထက်မှာချွေးအနည်းပင်စိုနေသယောင်။
ကျောင်းဆောင်ကအတူတူမို့ မသိမသာစပ်စုရာက ၇တန်း အခန်းAထဲဝင်သွားတဲ့သူ့ကို မြင်လိုက်ရသည်။ သာမာန်ထက်ပိုဖြူနုသည့် အသားအရေကို ပိုင်ဆိုင်ထားသော ထိုကောင်လေးတွင်supportingကောင်းကောင်းပိုင်ဆိုင်ထားသည်ကတော့ ပုရိသအပေါင်းအားကျရမည့်အလား။စနစ်တကျပုံသွင်းထားသကဲ့သို့ ပြီးပြည့်စုံသောမျက်ခုံးနက်နက်ထူထူလေးများနှင့် တွဲဖက်ညီလှသော တလက်လက်တောက်ပနေသည့် မျက်ဝန်းတစ်စုံက မျက်နှာသွယ်သွယ်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ နေရာယူထားသေးသည်။နဖူးအုပ်အုပ် ဘေးဘက်ခပ်ရှင်းရှင်းဆံပင်ပုံစံက ညှဉ်းသိုးသိုးမနေဘဲ သေသပ်တဲ့သဏ္ဍာန်ထင်ဟပ်နေသည်။ ခေတ်မှီဆံသဆရာနှင့်သေချာပုံဖော်ထားခြင်းများလား။
"Junmyeon ''
ကားသမားဦးလေးဆီမှ ခေါ်လိုက်သည့် ထိုနာမည်သည် ဝါဂွမ်းစိုင်လေးနှင့်တူသည့် ထိုကောင်လေးနှင့် အတော်ပနံသင့်သည်ဟု မည်သူမှအရိပ်အမြွက်မပေးဘဲနဲ့ ကျွန်တော်ကောက်ချက်နေတုန်း.....၊၊
"ပါ ပါတယ် ဦးလေး''
ဟာ... တကယ်သူ့နာမည်လား။ အရင်ကမသိခဲ့တဲ့ အကြားအမြင်အစွမ်းတွေ ကိုယ်တွင်းမှဗီဇပြလာတာလားလို့တောင် ထင်မိလိုက်သေးသည် ။ ကိုယ့်ကိုယ်ကိုတောင် စိတ်ကြီးဝင်သွားမိရသည်။ ဒါဟာ တိုက်ဆိုင်မှုပေလား အလိုလိုခံစားသိရှိတတ်သည့် စိတ်ပညာဆိုင်ရာတစ်ခုပေလား Xinglayကိုယ်တိုင် သတိမပြုမိပါ။
အသစ်စက်စက်ဝတ်စုံကို ထုတ်ဝတ်လာခဲ့ပုံပေါ်သည်။ မြကျောက်ရောင်ဘက်အနည်းငယ်ပါသော ခေါက်ချိုးမကျိူးသေးသည့် ပုဆိုးစိမ်းအောက်နားလေးမှာ တံဆိပ်ခွာထားသည့်စက္ကူအစအနလေးများကလည်း ဟိုတစ်စဒီတစ်စ။ ဝတ်နေမကျသေးသောကြောင့် အင်္ကျီသားကအနည်းငယ်တောင့်တင်းနေ၍ သိသိသာသာဖြူလွှနေသည်မှာ ကျွန်တော့်ထင်ကြေးအား လက်ခုပ်လက်ဝါးတီ အားပေးထောက်ခံနေသလို။ကျောင်းသားတော်တော်များများ၌ ကျောင်းတက်ခါစတွင် အသစ်ဝတ်လေ့ရှိသော အမူအကျင့်လေးကပါတတ်စမြဲမို့။ အင်္ကျီအဖြူလက်တိုအောက် မြင်နေရသည့်လက်မောင်းမှစကာ ဖော့ဖယောင်းလက်သွယ်သွယ်လေးတွေအထိ သနပ်ခါးအိုးမှောက်လာသည်ကလည်း ချစ်စရာတမျိုးကောင်းပြန်သည်။
YOU ARE READING
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...