- သည်း Junထွက်မလာမချင်း ကိုယ်မပြန်ဘူးလက်ထဲကဖုန်းscreen ၊ contact name တစ်ခုတည်းအောက်က အထွက်မရှိတဲ့ အဝင်စာ ပေါင်းမြောက်များစွာရဲ့ နောက်ဆုံးစာတစ်ကြောင်း ။
စစခြင်းမြင်တုန်းက ဟာသပဲလို့ ရွံ့ရှာမုန်းတီးခြင်းတွေနဲ့ ဟားတိုက်ခဲ့သေးတယ် ၊ Junmyeon ဆိုတဲ့ကောင်ကို အဲ့လိုအချဉ်ဖမ်းလို့ရမတဲ့လား ဆိုပြီး အသည်းမာပစ်လိုက်သေးသည် ။
၃နာရီ ။
၃မိနစ် မဟုတ် မိနစ်၃၀ မဟုတ်တဲ့ ၃နာရီတောင်နော် ။ ရူးနေတဲ့လူမှ မဟုတ်ရင် မုန်တိုင်းထန်တဲ့မိုးရေထဲ အဲ့လောက်အကြာကြီး မလှုပ်မယှက်စောင့်နေမလဲ ။ထပ်ရောက်လာတဲ့ စာတစ်စောင် ။
- အိမ်ရှေ့မှာ ကိုယ်ရှိသေးတယ်။ မင်းအခန်းလေး မီးဖွင့်ထားတာတွေ့နေတယ် မအိပ်သေးဘူးမလား
တံခါးဘေးက မီးခလုပ်ကိုပြေးပိတ်လိုက်သည် ။ မုန်းတယ် ၊ မင်းပြောတာတွေ မင်းသိနေတာတွေရဲ့ ဆန့်ကျင်ဘက်တွေကိုပဲ လုပ်ပြမယ် ။
- သည်းJunရယ်
အမှတ်မရှိတဲ့ဒီကောင်က ပြတင်းပေါက်ဘေးပြေးပြီး လိုက်ကာနောက်ကနေ ချောင်းကြည့်မိသေးတယ် ။
" Shit ! တကယ်ကြီးဟ "
Iphoneများဟာ ရေစိုခံတယ်ဆိုတာ တယ်လည်းဟုတ်ပါလား။ ၃နာရီလုံးလုံးမိုးရေထဲ typing လုပ်လို့ရတဲ့skillကနည်းလား ။ ဘယ်လောက်ကျန်းမာသန်စွမ်းတဲ့ယောကျာ်းရင့်မာကြီး ဖြစ်နေပစေ ဒီလောက်အကြာကြီးမိုးရေထဲ ထီးမပါဘဲ နေလို့ကတော့ ဒုက္ခရောက်မှာပဲ ။
ည၁ နာရီရှိနေပြီမို့ တစ်အိမ်လုံးက အိပ်မောကျနေလေသည် ။ ကိုယ့်အိမ်ထဲကိုယ်တောင် ခြေသံဖွလျှောက်နေတဲ့ အဖြစ်က အရေးမပါလိုက်တာ ။
အိမ်အဝင်ပေါက်တံခါးဘေးမှာ ထောင်ထားသည့် ထီး၄ချောင်းထဲမှ ၂ချောင်းကိုယူလိုက်သည် ။ တံခါးဂျက်ကိုအသံမထွက်အောင် ဂရုတစိုက်ဖွင့်ပြီးနောက် ထီးတစ်ချောင်းကိုဖွင့် ဆောင်းလိုက်သည် ။ နောက်ကိုပြန်လှည့်ကြည့်တော့လည်း မိမိအိမ်လေးက တိတ်တိတ်ဆိတ်ဆိတ် ၊ ကြည့်ရတာ မည်သူမှ သတိမထားမိသည်မို့ ။
![](https://img.wattpad.com/cover/196909516-288-k345053.jpg)
YOU ARE READING
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...