Ep (3)

349 64 14
                                    


- မနက်ဖြန်တွေ့ရအောင် သည်းJunအိမ်ကို ကိုယ်လာခေါ်မယ်

မနက်နိုးကတည်းက ခဏခဏဖွင့်ကြည့်မိတဲ့ messageတစ်စောင် ။ ညကတိုင် ပို့ထားတဲ့စာတစ်စောင်က မနက်ထိထပ်ခါထပ်ခါ ဖွင့်ကြည့်နေမိအောင် Sehunဆီကdating proposeကို Junmyeonအလွန်နှစ်သက်သည် ။ များသောအားဖြင့် Junmyeon ဘက့်ကသာတွေ့ရန် ချိန်းဆိုလေ့ရှိပြီး Sehunဘက့်မှလိုလိုလားလား တွေ့ချင်သည့်အခါမျိုးကို ပိုနှစ်သက်သည် ။

ပုံမှန်အသုံးပြုနေကျ မျက်နှာသစ်ဆေးအပြင် သဘောကျတိုင်းဝယ်ထားလေ့ရှိသည့် မျက်နှာသစ်ဆေးများထဲမှ နောက်ထပ်တစ်မျိုးနှင့် ၂ကြိမ်တိုင်တိုင် မျက်နှာသစ်သည် ။ သုံးနေကျ Detoxဆပ်ပြာအပြင် lemonရနံ့သင်းသည့်ဆပ်ပြာရည်နှင့်လည်း ထပ်လောင်းသန့်စင်မွှေးကြိုင်စေသည် ။ သွားတိုက်ပြီးနောက် ခံတွင်းသန့်စင်ဆေးရည်ကို ငုံကာ အတန်ကြာသူ့အကြောင်းစဉ်းစားနေမိသေးသည် ။ ရေပူစက်မှရေနွေးနွေးကြားထဲမှပင် ကြက်သီးတဖြန်းဖြန်းထလောက်အောင် မနက်ဆောင်းကအေးစက်နေဆဲ ။ emulsionရော serumပါလိမ်းသည့်အပြင် sun sprayကိုလည်းထပ်ဆောင်းအသုံးပြုလိုက်သေးသည် ။ ခါတိုင်းအပျင်းကြီးသည့် Junmyeonက မျက်နှာဗြောင်နှင့် ပေါ့ပါးစွာနေလေ့ရှိပေမဲ့ Sehunနှင့်တွေ့ရမည့်နေ့များတွင်တော့ ပိုမိုသပ်ရပ်စေရန်ကြိုးစားမိသည်။ Sehunမျက်စိထဲတွင် ဆွဲဆောင်မှုပြင်းပြင်းနှင့် ကြွေကျသွားစေရန် ရည်ရွယ်၍ ။

ဆံပင်ကိုသေသပ်စွာ ဖြီးလိမ်းပြီးနောက်

" ငါက စောက်ချောကြီးပဲ ''

အပြင်သွားတိုင်း ကိုယ့်ကိုယ်ကိုအားပေးတဲ့စကား ။ နေ့တနေ့အစမှာ ကိုယ့်ကိုယ်ကိုချီးကျူးပေးခြင်းက တနေ့ကုန်confidenceရှိရှိ နေနိုင်ဖို့အရေးကြီးတဲ့အချက်ဟု Junmyeonကယုံကြည်ထားသည် ။

" ကြွေစမ်းကွာ Sehun ၊ ငါ့လိုအဆင်လေးကိုရထားတာ ဂုဏ်ယူလိုက်စမ်းပါ ဟင်းဟင်း ''

Junmyeonက သူ့ကိုယ်သူSehunထက်ချောသည်ဟု စိတ်ကြီးဝင်နေသူတစ်ဦးလည်းဖြစ်ပြန်၏ ။ မွေ့ရာထက်မှာ တုန်ခါနေသော phone vibrate ၊ ဗေဒင်မေးစရာမလို ၊ ဒီအချိန် သူ့ကိုဖုန်းဆက်မည့်လူမှာ Sehunတစ်ဦးတည်းသာ ။

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now