Ep (1)

852 71 16
                                    

📑

ဒိုင်ယာရီစာအုပ်တစ်အုပ်၏ အဖွင့်တွင် ကိုယ့်ကိုယ်ကိုအဓိပ္ပါယ် ဖွင့်ပါဟုဆိုလာခဲ့လျှင် ကျွန်တော်အမှန်တကယ် လမ်းပျောက်နေလိမ့်မည် ။ အရာရာကို မေ့ပျောက်လွယ်ပါတယ် လို့ဆိုရအောင်လည်း တစ်စုံတစ်ယောက်ကိုတော့ ယနေ့တိုင်မမေ့နိုင်သေးပါ ။ ချစ်သူတစ်ယောက်တည်း မထားချင်ပါဘူးလို့ ကြွေးကြော်နေသည့်တိုင် လူတစ်ယောက်ကိုတော့ ၆နှစ်တိုင်တွဲနေဆဲ ။ သိမ်မွေ့ညင်သာစွာ ချွဲနွဲ့ချင်သော်လည်း ဆဲဆိုအရွဲ့တိုက်နေသူ ။ ကြင်နာသနားတတ်သော်ငြား အငြိုးထား၍ လက်စားချေတတ်သူ ။ အသည်းမာသည့် ထက်မြက်သူတစ်ယောက်အဖြစ် သမုတ်ကြသော်လည်း စင်စစ်မှာ အချစ်နှင့်ပက်သက်တိုင်း အသေးအမွှားလေးကအစ မွန်းကြပ်စွာခံစားပြိုလဲနေတတ်သူ ။ Asphyxia.... ဟုတ်တယ် ကျွန်တော်က Asphyxia ။

အေးလိုက်တာ... ဒီနှစ်ဆောင်းရာသီက အရင်နှစ်တွေထက်ပိုအေးသည်ကအမှန်ပင် ။ အခိုးရိုက်လို့ဝါးနေသည့် မျက်မှန်ကြောင့် ကျွန်တော့်မြင်ကွင်းတွေကလည်း မှုန်ရီဝေဝါးနေသည် ၊ ထိုင်နေတဲ့ရင်ပြင်ပေါ်ကကျောက်ပြားကလည်း ရေခဲတုံးဖင်ခုထိုင်ထားသလား အောက်မေ့ရလောက်အောင်ပင်။ နွေးထွေးစေရန်အလို့ငှါ ဝတ်ထားတဲ့ပုဆိုးထဲခြေတစ်စုံကိုဖွက်ထားလိုက်သည် ။

" ကျွတ်...အေးလိုက်တာ ၊ ဒင်းကမလာသေးဘူး ''

ပြောရင်းမျက်မှန်ကိုချွတ် အသားရောင်သိုးမွှေးအနွေးထည်လက်နှင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည် ။ အဲ့လောက်ဖိတိုက်မှတော့ ဒီမှန်မဝါးဘဲနေမလား ၊ အကိုင်အတွယ်ကြမ်းတမ်းသည့်Junmyeonကြောင့် ထိုမျက်မှန်မှာအစင်းကြောင်းများစွာနှင့် တကယ့်ကိုသနားစဖွယ် ။ ဝယ်ခါစအသစ်တုန်းကတော့ သူများနည်းတူ အနုအရွမှန်သုတ်ပဝါလေးနှင့် မှန်ကြည်ဆေးရည်လေးနှင့် အသေအချာနုယွခဲ့သော်လည်း ၁လအကြာကစပြီး လက်ရှိအချိန်ထိတော့ ကြမ်းတမ်းစွာစစ်ဆင်ရေးပေးခဲ့သည်မှာအဟုတ် ။ ကျောက်ပြားရဲ့အအေးဓာတ်က သည်းမခံနိုင်လောက်အောင်အေးလာသည့်အတွက် ဆီမီး ပန်း အမွှေးတိုင်ကပ်လှူရာနေရာမှာ ချထားသည့် တစ်ယောက်ထိုင်ကတ္ထီပါအခင်းကို သွားယူကာ နဂိုထိုင်နေသည့်နေရာတွင်ခင်းထိုင်လိုက်သည် ။ မိနစ်အနည်းငယ်မျှကြာသောအခါ အခင်းကနွေးလာသည်ဟုထင်မိသည်။ နောက်ကျောဘက့် ၃ပေခန့်အကွာ သစ်ပင်ပေါ်ကနေကြားနေရတဲ့ အသံသေးသေးကြောင့် အပေါ်ကိုမော့ကြည့်လိုက်တော့ ။ စာကလေး၄ ၅ ၆ကောင်ကလည်း မနက်စောစောအလွန်တရာမှ ပြောစရာစကားများသည်ထင်သည် ။ အဆက်မပြတ်သလောက်ကို ကြားနေရသည့်ဆည်းလည်းသံတို့က နားဝမှတဆင့် အသည်းနှလုံးစိုင်ထိအောင် တိုက်စားသွားသည်။ မနက်ခင်းမြူနှင်းတွေဆိုင်းနေပေမဲ့ ဗိုလ်တစ်ထောင်ဘုရားကြီးကတော့ ရွှေရောင်တဝင်းဝင်းနှင့် မြင်သူအပေါင်းကိုစိတ်ကြည်နူးစေသည် ။ ဘုရားရိပ်တရားရိပ်ကတကယ့်ကိုအေးချမ်းတယ်ဆိုတာ မှားစရာမရှိ ။ အသက်ကိုဝအောင်ရှူရင်း

နစ်မွန်းဋီကာ  Asphyxia Onde histórias criam vida. Descubra agora