အေးစိမ့်နေသည့် Air conလေးထဲက lavender Air fresherနံ့က meeting roomတစ်ခုလုံးကို လွှမ်းခြုံထားလေသည် ။ အခန်းထဲထိုင်နေသည့် လူသစ်တန်းဝန်ထမ်း 5ယောက်လုံးက Air conလေလိုပင် တိတ်ဆိတ်အေးစိမ့်နေလျက် ။ အားလုံးက စိတ်လှုပ်ရှားနေကြသလို ထိုထဲတွင် Junmyeonကပို၍သာလိမ့်မည် ။ ခြေဖျားတို့ပင်အေးစက်ကာ တချက်တလျက် မေးဖျားတို့ပင်တုန်ရီနေသလိုခံစားရသည် ။
" အားလုံးက ရှေ့လျှောက်အတူတူအလုပ်လုပ်ရမှာမို့ ရင်းရင်းနှီးနှီးနေကြရအောင်လေ "
တစ်ယောက်ကတော့ စကားစ စလိုက်သည် ။ အေးစက်နေသည့်အနေအထားက အခုမှအသက်ဝင်လာသည် ။
" ဟုတ်တာပေါ့ အသစ်ချင်းအတူတူပဲဟာ တစ်ယောက်ကိုတစ်ယောက်ကူညီကြတာပေါ့ "
သွက်လက်ပုံရသည့် ကောင်မလေးက ပြန်ဖြေသည်။
" MDက သဘောကောင်းလားဟင် ကျွန်တော်interviewဖြေတုန်းက အပြင်ထွက်သွားတယ်ဆိုပြီး မတွေ့လိုက်ရလို့ "
အသိချင်ဆုံးမေးခွန်းမို့ Junmyeonဘက့်က စတင်မေးမိလိုက်သည် ။
" အင်း ငါတို့လည်းခဏပဲတွေ့ဖူးတာဆိုတော့ သေချာတော့မပြောတတ်ဘူး ၊ interviewတုန်းကတော့ လူငယ်တွေရဲ့ creation, ideaတွေပိုအလေးထားတဲ့ပုံပဲ ၊ တည်ကြည်တယ် ကြည့်လိုက်တာနဲ့ smartကျတယ် ၊ ပြီးတော့ ငယ်ငယ်လေးပဲရှိသေးတယ် MDဖြစ်တာစောလိုက်တာ သူများတွေကျ တော်တာကို "
" ဟုတ်တယ် ဟုတ်တယ် ငယ်သေးတယ် ၊ ပြီးတော့ အလုပ်အရမ်းကြိုးစားတယ်လို့ကြားဖူးတယ် ၊ ငါ့ကိုinterviewမေးတုန်းကဆို ပြုံးပြုံးလေးနဲ့ တကယ်စိတ်သက်သာစေတဲ့အပြုံးနဲ့ "
" အရပ်ကလည်းအရှည်ကြီး ၊ ချောလည်းချောတယ် ဟိ "
5ယောက်တည်းမှ မိန်းကလေးနှစ်ဦးသာ ပါပြီး အခုဖြေကြားသူက နောက်မိန်းကလေး ။ ထိုအခါ ပထမကမိန်းကလေးကလည်း
" Socialလည်းကောင်းတယ် အလုပ်နဲ့ပက်သက်ရင်တော့ တိတိကျကျပဲကြိုက်တာတဲ့ သူစီစဉ်သမျှပွဲတိုင်းက အောင်မြင်တာတွေချည်းပဲလေ ဟိုတလောက EDMပွဲလေ Marine version နဲ့လေ ရေလည်မိုက်တာနော် "
" ဟုတ်လား "
တစ်ယောက်တစ်ပေါက်ဖြေကြားချက်အရဆို ထင်သလောက်တော့ဆိုးဝါးမဲ့ပုံမပေါ် ။ တော်သေးတာပေါ့ ။
YOU ARE READING
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...