အထီးကျန်လာပြီဆို ကြိုက်ပါတယ်ဆိုတဲ့ ice lemon teaတောင် အရသာမတွေ့တော့သလိုပင် ၊ အရာရာကခြောက်ကပ်ကပ် ။ English speakingတက်ရသည့် တစ်ပတ်၃ရက် ၊ သင်တန်းနေ့တိုင်း ထိုင်နေကျဆိုင်လေးက ဒီနေ့မှာတော့ပိတ်ထားသည့်အတွက် busကားတဆင့်စီး၍ Sehunတက်နေသည့်သင်တန်းရှေ့က ဆိုင်၌သာထိုင်ဖြစ်ခဲ့သည် ။ သင်တန်းပြီးရင်ထွက်လာမဲ့ ကောင်လေးကိုမြင်ရဖို့အရေး မျက်နှာချင်းဆိုင် ဆိုင်ကနေစောင့်ရင်း surpriseလုပ်ပစ်အုံးမည်ဟု ကျုံးဝါးလိုက်သည် ။ ပုံမှန်ဆိုSehunကသာ Junmyeonကိုလာကြိုလေ့ရှိသည် ၊ နှစ်ယောက်သားတက်သည့် သင်တန်းတို့က အနည်းငယ်ဝေးသည့်အတွက် Busတဆင့်စီးကာ Sehunကလာကြိုပြီး Junmyeonကိုအိမ်အရောက် ပို့ဆောင်ပေးလေ့ရှိသည် ။ ယနေ့အတွက်တော့ Junmyeonက Sehunကိုလာကြိုသည်ဆိုတော့ကာ အထူးတကာ့အထူးနေ့ ။ ဆိုင်လေးကအနောက်တိုင်းဆန်ပြီး holloywood celebrity ပုံများကို သေသပ်စွာ နံရံပေါ်တွင်ချိတ်ဆွဲအလှဆင်ထားသည် ။ ဝါကျင်ကျင်မီးရောင်ကလုံလောက်စွာ အလင်းပေးထားပြီး ငြိမ့်ညောင်းညင်သာစွာ တိုးဝေ့စီးဆင်းလာသည့် သီချင်းသံက Camila Cabello ရဲ့ consequences ။ ပုံမှန် kpop songမြူးမြူးလေးတွေနားထောင်ရာမှ ရုတ်တရက်အနောက်တိုင်းဆန်သွားတော့ ခံစားချက်တို့ကပါ တစ်မျိူးတစ်မည်ပြောင်းလဲသွားသည် ။ အနီးအနားမှ စုံတွဲတွေကြောင့်တော့ အပြည့်အဝclassicမဆန်နိုင်သေးပေ ။ ကိုယ်တိုင်မroရတဲ့အထဲ စောင်အတွဲတွေပလူးပြလျှင် ပို၍တောင်ဒေါသထွက်ရသေးသည် ။ ရည်းစားရှိလျက်နဲ့ FAဖြစ်ရတဲ့ ငါ့ဘဝ ၊ Junmyeon မျက်နှာမှာညိုးရုံမက ကြွေ၍ပင်ကျတော့မယောင် ။" သူ့သင်တန်းကမပြီးသေးဘူးလားမသိဘူး ''
Junmyeonလက်ပေါ်က နာရီကိုကြည့်လိုက်တော့ ၅နာရီထိုးပြီး ၅မိနစ် ။
" ဒီအချိန်ဆို သင်တန်းဆင်းလောက်ပြီ ငါဒီမှာစောင့်နေမှန်းသိမှာမဟုတ်ဘူး ဖုန်းဆက်ရမယ် မဟုတ်ရင်လျှောက်ရှာနေအုံးမယ် ''
ဖုန်းဆက်မယ်အလုပ် ဆိုင်ရှေ့မှာမတ်တပ်လာရပ်သည့် Sehunကိုတွေ့လိုက်လေသည် ။ ကျောပေးထားသည်မို့ ဆိုင်ထဲကJunmyeonကိုမမြင်ပေ ။
" ဒီမှာရှိတာမသိဘူးထင်တယ် အော်ခေါ်ရအောင်လည်း ရှက်စရာကြီး ''
ESTÁS LEYENDO
နစ်မွန်းဋီကာ Asphyxia
Fanficဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...