Ep (22)

131 32 14
                                    


တစ်ညလုံးအိပ်မရခဲ့သည့် ခေါင်းတို့က တဆစ်ဆစ်ထိုးကိုက်နေဆဲ။ ကားမှန်ဘေးကမြင်ကွင်းတွေတောင် တချက်တချက် ‌ဝေဝါးလျက်။ Busကားပေါ်မှာအတွေး‌လွန်နေခဲ့လို့ ဆင်းရမဲ့မှတ်တိုင်2မှတ်တိုင်တောင် ကျော်သွားခဲ့သည်။ကားတံခါးပိတ်ခါနီးမှ ကမြန်းကတန်းကားပေါ်က ပြေးဆင်းကာ ကျော်လွန်ခဲ့တဲ့ ၂မှတ်တိုင်ကိုလမ်းလျှောက်၍သာ သွားရန်မှလွဲ၍ ရွေးချယ်စရာသိပ်မရှိ။ ယနေ့မှ ပိုလေးလံနေသည့် လွယ်နေကျ ကျောပိုးအိတ်ကို အတော်လေးထမ်းပိုးထားရသည်။ Laptopကိုထားခဲ့လိုက်ရမှာ ဟုကိုယ့်ကိုယ်ကိုအပြစ်တင်ကာ တွေးလိုက်မိသေးသည်။ Companyရှိရာ office tower၏ မြေညီထပ်တွင် ဧည့်သည်ထိုင်ရန်အတွက် ထားပေးထားသည့် ဆိုဖာပေါ်ခဏထိုင်ကာ အမောဖြေရင်း အိတ်ထဲမှ Biogesticတစ်ခုလုံးဖောက်သောက်နေစဉ်...

"နေမကောင်းဘူးလား Junlay?"

မနေ့ကအဖြစ်ကိုတွေးမိ၍ ပိုင်ရှင်ရှိတဲ့သူကိုနမ်းမိလို့ အရှက်သည်းသွားတာလား၊ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူမှာ ဆိုင်သူရှိနေတာကို နာကျင်သွားရလို့များလား၊ Junmyeonရေသီးသွားလေတော့သည်

" အဟွတ်..အဟွတ်...အဟွတ်..."

"ရေသီးကုန်ပြီ ရလားJunlay"

ကျောပြင်ကိုချော့မြူပွတ်သပ်လာတဲ့ဒီလက်တွေက အရင်လိုနွေးထွေး‌နေတုန်းပါ။ သို့သော်  Junmyeonက အလိုမတူစွာရှောင်ရှားမိသည် ။

" ရ...ရပါတယ် အဲ့လိုမလုပ်လည်းရ ပါတယ်"

"Sorryပါ ကိုယ်ကစိတ်ပူလို့ပါ"

"စိတ်ပူလို့?... "

"အင်း"

Xinglayက ဖျော့တော့ညင်သာသည့်အသံနှင့် တုန့်ပြန်သံပြုလေသည်။

"တစ်ယောက်တည်းအခန်းထဲ ကျန်ခဲ့တဲ့မနေ့က ကျွန်တော့်ကိုရော စိတ်ပူခဲ့လားဟင် ၊ ကိုလေးနဲ့ နေ့တိုင်းအတူပြန်နေကြသူက တစ်ယောက်တည်း ဘယ်လိုပြန်ခဲ့လဲရော စိတ်ပူခဲ့ရဲ့လား?"

စကားလုံးတစ်ခုချင်းကို အထအနကောက်ကာ စိတ်ဆိုးမာန်ဆိုးဖြစ်နေရလောက်အောင်ထိ Junmyeonဟာ ပေါက်ကွယ်လွယ်နေခဲ့သည်။

"ကိုယ်..စိတ်ပူပါတယ်"

" ဖုန်းဆက်လိုက်မယ်ဆို ?"

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now