Ep (17)

294 55 6
                                    


" ရောက်လာပြန်ပြီ Junmyeon ရေ "

မေမေ့ခေါ်သံကြားလို့ ‌အိမ်အောက်ထပ်ကိုပြေးဆင်းလာခဲ့သည် ။ ဟုတ်တယ် .... တကယ့်ကို ရောက်လာပြန်တာပဲ။ အနက်ရောင်ဖဲပြားခပ်ကြီးကြီးနဲ့ရစ်သိုင်းထားတဲ့ အဖြူရောင်အသည်းပုံဘူး။ ထိုဘူးထဲတွင် အရောင်အသွေးစုံလင်တဲ့ candyမျိုးစုံ ၊ နောက်.... ပဲပန်းအဖြူတစ်ပွင့် ၊ Nike sneaker တစ်ရံ ။

ဒါ ဘယ်သူလဲ၊ ဘယ်သူပို့တာလဲ ။ Sehunများလား ။ ခွဲစိတ်ပြီးတဲ့နေ့တည်းက deliveryနဲ့ရောက်လာတဲ့ ပဲပန်းဖြူဖြူတွေဝေနေအောင် လှနေတဲ့ ပန်းစည်း ၊ အဲ့ကစခဲ့တာပဲ ။။ တစ်လနေလို့ ဆေးရုံပြန်ပြတဲ့နေ့မှာ ပိုသေချာသွားတယ် ၊ Sehunက သူခွဲစိတ်ထားတာတောင် မသိဘူး ။ ဒါ‌ဆို ဘယ်သူများလဲ ။ ခဏခဏဆိုသလို ရောက်လာတဲ့ အသည်းပုံဘူး ၊ candy ၊ Nike ၊ ပန်းတစ်ပွင့် ။ အစကတစ်ယောက်ယောက်နောက်တယ် ထင်ခဲ့ပေမဲ့ အခုတော့ ထိုဘူးလေးတွေက ပဟေဠိသဖွယ်ဖြစ်လာသည်။ Sehun‌ကြောင့် စိတ်ရှုပ်ရတဲ့အချိန်မှာ အာရုံလွှဲစရာတစ်ခုအနေနဲ့ Junmyeonအတွက် entertainတစ်ခုဖြစ်လာသည် ။

အရောင် ဒီဇိုင်းစုံ Nike ၆ရံကိုကြည့်ပြီး Junmyeon သက်ပြင်းချမိသည် ။

" ဘယ်လိုအရူးလေးလဲ ၊ ငါက လူတစ်ယောက်ကိုချစ်ဖို့က အဲ့လောက်မလွယ်ဘူး ၊ စိတ်ဝင်စားဖို့ကလွယ်တယ် ချစ်ပေးဖို့က .... "

Sehunကိုကျော်ပြီး နောက်တစ်ယောက်ကိုချစ်နိုင်ပြီလား ဆိုတာ Junmyeonကိုယ်တိုင်မသဲကွဲ ။ ‌သေချာတာတစ်ခုက သူ့ကိုသစ္စာဖောက်စော်ကားခဲ့တဲ့ Sehunကိုတော့ဖြင့် ပြန်လည်ချေပချင်စိတ်က ထိပ်ဆုံးပင် ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နိုင်ငံခြားသားအများအပြား စီးပွားရေးပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ယနေ့လိုခေတ်မှာ နိုင်ငံတကာအဆင့်မီ shopping mallများစွာဟာလည်း office tower၊ hotelများနှင့်တွဲဖက်ကာ မှိုလိုပေါက်လာကြသည်။ ဘာတွေမေးလို့ ဘာတွေဖြေခဲ့မှန်းမသိတဲ့ interviewကြောင့် လူက မှိုင်ထွေကာနေခဲ့သည် ။ office towerဘက့်မှတဆင့် shopping centerရှိရာဘက့်သို့ကူးလာကာ ထောင့်ချိုးအကွေ့နားက cafeဆိုင်သို့ ဝင်လာလိုက်သည် ။ တစ်ယောက်တည်းမို့ ကြောင်အမ်းအမ်းဖြစ်နေပေမဲ့ အလုပ်လုပ်ရမဲ့အရွယ်တောင်ရောက်နေပြီမို့ ကိုယ့်စိတ်ကိုအားတင်းကာ counterရှေ့မှာတန်းစီလိုက်သည် ။ ရှေ့ကနှစ်ဦးသာရှိသည်မို့ ၂မိနစ်တောင်မကြာလိုက်ပေ Junmyeonအလှည့်သို့ရောက်လာသည် ။

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now