Ep (14) အချစ်ဦးဟာ အတိတ်မှာထားခဲ့ရမဲ့ အမှတ်တရတစ်ခုလား

270 48 5
                                    


အဆင်မပြေဘူး... တကယ်အဆင်မပြေပါဘူး.... နောက်ထပ်သူစိမ်းနယ်ကိုခြေချရမှာကို ကျွန်တော်တကယ်အဆင်မပြေပါဘူး ၊ အိမ်မှုကိစ္စတွေနဲ့အမြဲပင်ပန်းနေတဲ့ မေမေ့ကိုကြည့်ရတာလည်း အဆင်မပြေပါဘူး ၊ ရုံးအလုပ်ရော အိမ်ပြောင်းဖို့ပါဦးဆောင်နေရတဲ့ ဖေဖေ့အနေနဲ့လည်း အဆင်မပြေဘူး ၊ အဲ့ဒါထက်ပိုအဆင်မပြေတာက ဒီ၅ရက်အတွင်း အကိုXinglayကိုမတွေ့ရတာ ထင်ထားတာထက်ပိုနေရထိုင်ရခက်စေပါတယ် ။

ကျွန်တော် ဒီနေ့ဟိုးတစ်နေရာကို သွားရတော့မယ် ၊ ဘယ်တော့ပြန်တွေ့ရမလဲ ကျွန်တော်မသိဘူး ၊ မျက်နှာချင်းဆိုင်နှုတ်ဆက်ဖို့လည်း သတ္တိမရှိဘူး ၊ ကျွန်တော့်မှာအခု ကိုလေးကိုအားကိုးလို့မရတော့ဘူး ။ ကိုလေး ကတော့ပုံမှန်ပဲလားမသိပေမဲ့ ကျွန်တော်ကတော့ ကိုလေး ကိုအရမ်းတွယ်တာနေမိပြီထင်တယ် ။

အိမ်ပြောင်းရွေ့ရေးအတွက် ငှါးထားတဲ့ lightruckကားလေး ၂စီးဘေး၌ လူအနည်းစုဖြင့်စည်ကားနေသည် ၊ တချို့က အထုပ်အပိုးသယ်ပေးဖို့ လာကူညီပေးတဲ့ ဖေဖေ့မိတ်ဆွေ ဝန်ထမ်းတွေ ၊ တချို့ကအိမ်နားနီးချင်းအသိတွေ ၊ တချို့ကတော့ ကျွန်တော်မခွဲချင်တဲ့ ကျွန်တော့်အားကိုးရာ ။ အခုမှ တွေ့နေရတဲ့သူ့ပုံက မတွေ့ရတဲ့ရက်တွေမှာအနည်းငယ် ပိန်သွားသယောင်ထင်ရသည် ၊ စိုးစဉ်မျှ မျက်နှာချောင်နေပေမဲ့ ထုံးစံအတိုင်းအရင်လို ခန့်ညားတဲ့အကိုတစ်ယောက်ဖြစ်နေဆဲပဲ ။ ခါးလယ်လောက်ရှိတဲ့ကျွန်းဗီဒိုတစ်လုံးကို ဦးလေးကြီးတစ်ယောက်နှင့်အတူ ကားကိုပင့်တင့်ပေးလိုက်ပြီးနောက် နဖူးထက်ကချွေးအနည်းငယ်ကို လက်ဖမိုးဖြင့်သုတ်လိုက်သည် ၊ ချွေးတွေရွှဲနေတာတောင် ကြည့်ကောင်းတုန်းပဲလားကိုလေး ။

တခါတလေအိပ်ရာထဲမှာစဉ်းစားဖြစ်တဲ့အကြောင်းတွေပေါ့ ကို‌လေးသာ ကျွန်တော့်အကိုဖြစ်ခဲ့ရင်သိပ်ကောင်းမှာပဲလို့ ။ အမြဲတမ်းအခုလို ကျောင်းသွားတိုင်းအိမ်ရှေ့ကနေစောင့်ခေါ်ပေးတဲ့အကို ၊ ကျောင်းကားပေါ်မှာ မူးမှားစိုးလို့ lemon candy လက်ဖဝါးထဲထည့်ပေးတဲ့အကို ၊ ကျောင်းသွားကျောင်းပြန် ကားပေါ်မှာရော ကျွန်တော့်ထမင်းချိုင့်ကို ကူသယ်ပေးတဲ့အကို ၊ နေ့လည်ထမင်းစားချိန်တိုင်း အတန်းနားက ကော်ရစ်ဒါမှာ မယောင်မလည်နဲ့လာလာကြည့်တတ်တဲ့အကို ၊ ဘယ်လိုအန္တရာယ်တွေကြုံလာကြုံလာ ကျွန်တော့်ရှေ့ကမားမားမတ်မတ်ရပ်ပေးမဲ့အကို ၊ ကျွန်တော်မလုပ်တတ်တာတွေအများကြီးကိုသိတဲ့ အားကျရတဲ့ အကို ။ အတွေးနွံထဲနစ်နေပြန်တဲ့ ကျွန်တော့်ကိုမြင်တော့ မောနေပုံရတဲ့ကြားထဲက ပြုံးပြသေးသည် ၊ နွေးထွေးတဲ့ဆောင်းနေရောင်လို ဒီလိုပါးချိုင့်ကို ကျွန်တော်ငတ်လင့်နေခဲ့တာ ။ မမြန်မနှေးခြေလှမ်းကျဲတို့နှင့်သူက ကျွန်တော့်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည် ။

နစ်မွန်းဋီကာ  Asphyxia Donde viven las historias. Descúbrelo ahora