Ep (6)

365 58 12
                                    

ဒီဇင်ဘာရဲ့မြူနှင်းက chrismasရနံ့တွေလှိုင်နေသည့် ပျော်စရာပုံရိပ်ပေါင်းများစွာကို အသက်သွင်းပေးနေသည် ။ ညနေနေဝင်ချိန် ကားတွေပြည့်ကျပ်နေတဲ့လမ်းမကြီးပေါ်က Chrismas theme မီးပုံးလေးတွေ ၊ အဖြူ အနီ အစိမ်း ၊ ဒါဟာ Chrismasရာသီရဲ့ ကိုယ်စားပြုအရောင်တွေ ။ နာမည်ကြီး Shopping mallတစ်ခုရဲ့ ပတ်လည်လူသွားလမ်းတလျှောက် အနီရောင်ဘောလုံးတချို့ တဖျက်ဖျက်လင်းနေသည့် မီးဆိုင်းတို့ဖြင့် အလှဆင်ချိတ်ဆွဲထားသော လူတစ်ရပ်စာထင်းရူးပင်တို့က စီတန်းနေသည် ။ ငယ်ငယ်ကကြားဖူးသည့် chrismasဘိုးဘိုးက တစ်ယောက်တည်းပေမဲ့ အခုတော့ဖြင့် နာမည်ကြီးနေရာမှန်သမျှ၌ အနီရောင်ကုဒ်ရှည်ဝတ် အနီရောင်ဦးထုပ်ရှည်ဆောင်း ဝါဂွမ်းကဲ့သို့ဖြူဖွေးပွယောင်လှသော မှုတ်ဆိတ်မွှေးရှည်ဖြင့် ဘိုးဘိုးကြီးများစွာ ။ ကြားနိုင်သည်ဆိုရုံမျှ လွှမ်းချုံထားသည့် ခရစ်စမတ်သီချင်းက မည်သည့်အရပ်မှထွက်ပေါ်လာမှန်း မသိနိုင်လောက်အောင် လျှို့ဝှက်ရှက်သည်းစွာ ။ ကျွန်တော့် အသိစိတ်ရော မသိစိတ်ရောက မျက်စိရှေ့က shirtလက်ရှည် အနီရောင်ကို တံတောင်ထိခေါက်တင်ထားသည့် chrismas boyလေးဆီမှာသာ ။ ဒီလောက်တောင်ကြာနေပြီ ငြီးငွေ့နေပါပြီဆိုတာကို လက်မလွှတ်နိုင်သေးတာ ဒင်းက အခုလိုဖမ်းစားတတ်လို့ ။ အဲ့လိုနဲ့ ဒီJunmyeonဆိုတဲ့ကောင်က ဒင်းရဲ့ချောမောနေမှုကြီးထဲမှာ မျှောနေတုန်းပဲ ။

" ဘာတွေဒီလောက်ကြည့်နေတာလဲ sauceတွေလည်းပေပွနေတာပဲ ''

Sehunက တစ်ရှူးစလေးနှင့် Junmyeonနှုတ်ခမ်းထောင့်က ပေကျံနေတဲ့sauceရည်တွေကို သုတ်ပေးလိုက်သည် ။

" ကလေးကျနေတာပဲ ''

" ကြက်ကြော်နဲ့မဝရင် ဘာထပ်စားရမလဲစဉ်းစားနေတာ ''

Junmyeonက လျှာဖျားလေးနှင့်နှုတ်ခမ်းကိုသပ်တင်လိုက်ရင်း ဖြေသည် ။

Sehunက Junmyeonဗိုက်ကိုလက်ညိုးနှင့်ထိုးလိုက်သည့်အခါ တိမ်ဂွမ်းစိုင်လို အိဝင်သွားလေသည် ။ ပျော့အိအိနှင့် မည်မျှစိတ်ကျေနပ်စရာကောင်းသနည်း ။ Sehunမှာ အနည်းငယ်စူထွက်နေတဲ့ Junmyeonဗိုက်ခေါက် နေရာအနှံ့ကို လိုက်လံထိုးဆွကာ သွားစွယ်လေးတွေပေါ်သည့်အထိရယ်လေသည် ။

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now