Notice~🚨🔥Xing is coming......
လမ်းမကြီးပေါ်က ကားသံတွေနှင့်အတူ အိုက်စပ်စပ်ရာသီဥတု ၊ ကျွန်တော့်ကိုမြင်တိုင်း အစာတောင်းထွက်လာတဲ့ခိုအုပ်ကြီးက အိမ်အောက်မှာတအုပ်အုပ်နှင့် ။ ဒီနေ့တော့ခိုစာကျွေးဖြစ်မယ်လည်းမထင်ပါ ။ လက်ထဲက လက်ကိုင်ပဝါတစ်ထည်။
ထုတ်ကြည့်ရုံသာပြုလုပ်ခဲ့သည်မို့ ခေါက်ရိုးကျိုးနေသည့် နက်ပြာရောင် လက်ကိုင်ပဝါရဲ့ထောင့်တစ်ဖက်မှာထိုးထားတဲ့ Xingဆိုသည့်အဖြူရောင်ချည်ထိုးစာသားလေးကို လက်မနှင့်ပွတ်သပ်နေမိသည်။ ခါတိုင်းလို ခေါင်းထဲရောက်လာသည့် အတိတ်တချို့က အခုတော့ဝါးတားတားရယ်ပါ ။
ထိုနေ့ကလည်း အခုလိုပူနေခဲ့သည် ။နွေရာသီ၏အပူပြင်းဆုံးကာလနီးပါး မှတ်ယုရမည့် juneလအစသည် ထင်ထားသည့်ထက်ပို၍ အပူကဲနေခဲ့သည် ။ အသားမကျသေးသည့် အစိမ်းသက်သက် ပတ်ဝန်းကျင် ၊ မနက်ခင်းတေးသီငှက်သံအစား နားဝင်ဆိုးသည့်weldingဆော်သံ ၊ ဘိလပ်မြေအိတ်ခွံများနှင့် ပွစာကျဲနေသောတိုက်ရှေ့ကလမ်း ၊ နေရာတော်တော်များများမှာတွေ့နေရတဲ့ သဲပုံတွေနဲ့ ဆောက်လုပ်ရေးသုံး မြစ်ကျောက်စရစ်အစုအပုံ ၊ ရုပ်လုံးမပေါ်သေးသည့် သံကူကွန်ကရစ်အဆောက်အအုံအကြမ်းထည်များစွာ ၊ ဆောက်လုပ်ပြီးစီးသည်မှာမကြာသေးသည့် ကျွန်တော်နေထိုင်သည့်တိုက်အပါအဝင် အနီးနားက ပုံစံတူ၄ထပ်တိုက် ဝန်ထမ်းအိမ်ရာ၃လုံး ။ အရာရာဟာ ကျွန်တော့်အတွက်စိမ်းသည် ၊ အသက်ရှူနေရသည့်လေတောင် မရင်းနှီးသေးသလိုပင် ၊ အားလုံးသောအရာတွေနှင့် စိမ်းကားခဲ့ပေမဲ့ သူ့ကိုတော့မဟုတ်ခဲ့ဘူး🍃🍃🍃🍃🍃🍃
"Junmyeonရေ ကျောင်းကားလာပြီ ''
"လာပြီ လာပြီ''
မနက်ခင်းကျောင်းပို့ရန် အားမာန်အပြည့်နှင့် ကျောင်းကားအဝါလေးသည် တိုက်၃တိုက်ဆုံရာ လမ်းဆုံယာဉ်ရပ်ရာနေရာတွင် ပွင့်ဖူးတော့မည့် ပန်းပွင့်လေးများအား လိုရာခရီးသို့ပို့ဆောင်ရန် အသင့်စောင့်ဆိုင်းနေခဲ့သည်။ အခုမှစတည်သည့်မြို့တွင် အခုမှစဖွင့်မည့် အထက်တန်းကျောင်းတွင် တက်ရောက်ရန် တိုက်သုံးတိုက်မှာ အဖြူအစိမ်းလေးများ အပြေးအလွှား ရောက်လာကြသည်။ ထူးခြားသည်ကတော့ အမေပါလိုက်မည့် ကျွန်တော်တစ်ဦးတည်းသာဖြစ်သည်။
YOU ARE READING
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...