Ep (5)

308 54 4
                                    


အငြိုးအတေးတွေ မကြီးစမ်းနဲ့ သားရယ်တဲ့ ၊ မေမေကအမြဲဆုံးမလေ့ရှိတယ် ။ ဟင့်အင်း မေမေ ၊ ကျွန်တော်ဘက့်က အမှားမလုပ်ဘဲ ကျွန်တော်ဆုံးရှုံးလိုက်ရတာတွေ နာကျင်ခံစားရတာတွေအတွက် ကျွန်တော်ကျိန်းသေ ပြန်ပေးဆပ်ခိုင်းမှာပဲ ။ ကျွန်တော့်ကြောင်လေးကို မတော်တဆခေါင်းစဉ်တပ်ပြီး ကားနဲ့တိုက်သတ်ခဲ့တဲ့လူရဲ့ ကားကို ဘယ်သူမှမသိတဲ့ညလယ်ခေါင်မှာ ဖျက်ဆီးပစ်တာ ၊ ကျွန်တော့်ကိုအခြောက်လို့ လူကြားထဲစနောက်ခဲ့တဲ့ ငနဲတွေရဲ့ဆေးချနေတဲ့ပုံတွေကို social mediaမှာအမည်မဖော်လိုသူအနေနဲ့ ဖွလိုက်တာ ။ အဲ့ဒါဝဋ်လည်တာ ၊ ပြန်ပေးဆပ်ရတာ ၊ ကျွန်တော့်ဘက့်က အမှားမလုပ်ခဲ့ပါဘူး ။

- သည်းJun စိတ်ဆိုးနေတုန်းလား

- ကိုယ်အနူးအညွတ်တောင်းပန်ပါတယ် သည်းJunရယ်

- သည်းJunငိုရင် ကိုယ်ဘယ်လောက်ပူလောင်ရလဲ သိလား ၊ ကိုယ့်ကိုခွင့်လွတ်ပေးပါကွာ ကိုယ်မှားပါတယ်

-စကားမပြောချင်ရင်တောင် lineပေါ်တော့တက်ခဲ့ပါအုံး

-သတိရတယ် ဒီအတိုင်းပဲ သတိရနေတယ်ကွာ

- နေကောင်းအောင်နေနော် ကျန်းမာရေးဂရုစိုက်

- သည်းJun ခရီးထွက်သွားတယ်ဆို အတူသွားတဲ့ကောင်တွေက လွယ်တဲ့ဟာတွေမဟုတ်ဘူး ၊ မင်းကိုအရင်တည်းက ချောင်းနေတဲ့ကောင်တွေ gayတွေဘာတွေဂရုစိုက်နေမဲ့ကောင်တွေ မဟုတ်ဘူး ၊ မင်းနဲ့ရည်းစားမဖြစ်ခင်ကတည်းက အဲ့ကောင်တွေမင်းကို ဘယ်လိုကြံစည်နေတယ်ဆိုတာ ကိုယ်သိတယ် ၊ ဒီလောက်ထိလုပ်ရမှ ကျေနပ်မှာလား ကိုယ့်ကိုရူးစေချင်နေတာလား

Sehunပြောသလောက် ဆိုးသွမ်းသည့်လူတွေမဟုတ်လို့ ဒီခရီးကိုလိုက်လာခဲ့ခြင်းဖြစ်သည် ၊ အရင်ကတော့Sehunသိသလို ဟုတ်ချင်ဟုတ်ခဲ့လိမ့်မည် ၊ အခုကအချိန်တွေကြာပြီ သူတို့လည်းရည်းစားတွေ အသီးသီးရှိနေကြပြီ ၊ ကျောင်းတုန်းက အတန်းဖော်သူငယ်ချင်းများပင် ဖြစ်သောကြောင့် အခုတော့ဖြင့်သိပ်ကိုခင်မင်စရာကောင်းတဲ့ မိတ်ဆွေတွေပင်ဖြစ်နေပြီမို့ အဲ့လောက်ကြီးဘယ်သူမှ သူ့အပေါ်ရမ်းကားခြင်းမရှိပေ ။ ၂ညအိပ် ၃ရက်ခရီးထွက်သွားသည်ဟု သိရသည်နှင့် Sehunက Junmyeonဆီဆက်တိုက် ဆက်သွယ်ခဲ့သည် ။ နောက်ဆုံးJunmyeonဆီမှ call blockပါခံလိုက်ရသည့်အတွက် messageမှသာဆက်သွယ်နိုင်တော့သည် ။ တစ်ပတ်ကြာလုံးဝစကားမပြောဘဲ အခုတော့သူ့ကိုမတိုင်ပင်ဘဲ ခရီးပင်ထွက်လိုက်သေးသည် ။ သည်လောက်ဆို Sehunကို အတော်လေးပညာပေးခဲ့ပြီးပြီမို့ Junmyeon ကျေနပ်သလောက်ရှိသွားပြီ ။

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now