Ep (19)

109 19 1
                                    


ရုံးဆင်းဆင်းချင်း ရုံးခန်းအပေါက်ဝမှာ လက်ပိုက် ရပ်စောင့်နေတဲ့ Xinglayကြောင့် Junmyeonတံခါးပေါက်ကိုဖြတ်ရန်ပင် တွန့်သွားသည် ။  အခြားသောဝန်ထမ်းသစ်လေးတွေကတော့ ပုံမှန်လိုပဲ နှုတ်ဆက်ပြန်သွားကြ‌ပြီး သူကလည်း နွေးထွေးပျူငှာစွာ နှုတ်ဆက်စကားဆိုလေသည်။ Junmyeonက အကြောင်းပြချက်မရှိ နှေးတုံ့နှေးကန် ပြုမိနေဆဲ ၊ သူXinglayနဲ့ အတူရှိဖို့ စက္ကန့်ပိုင်းလောက်လေးဆိုလည်း ရပါတယ်ဆိုတဲ့ ကောင်လေးပေါ့။  ဝေးသွားခဲ့တာ ကြာသွားပြီမို့ ပြန်လည်ရင်းနှီးဖို့ရာ Junmyeonအတွက်တော့ ခက်ခဲလေသည် ။ သို့ပေမဲ့ နှစ်ယောက်တည်းကျန်သည်အထိ အချိန်ဆွဲ လေးကန်နေတာကလည်း သူနှင့်တစ်ခုခုတော့ ပြောချင်ဆိုချင်နေသေးလေသည် ။ ဘယ်ကဘယ်လိုအစပြုရမလဲဆိုတာက Junmyeonတကယ်မသိ ၊ ခေါင်းကိုသာ လက်ညိုးလေးနှင့် ထိုးဖွနေမိသည် ။

" Junlay "

တကယ်ကြာပါပြီ ၊ ဒီလိုနာမ်စားနဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကိုအထူးပြုခေါ်ဆိုခြင်းမခံရတာ တကယ့်ကိုကြာခဲ့ပါပြီ ။ Xinglayက ပို၍ပို၍ နီးကပ်စေရန် လျှောက်လှမ်းလာခဲ့သည် ။ Junmyeonမျက်လုံးတို့ကလည်း ကျယ်သထက်ကျယ်လာခဲ့သည် ။ ဘာပြောရမှာလဲ....ဘာပြန်ပြောရမှာလဲ.... အလိုလိုနေရင်းခေါင်းငုံ့မိလျက်သား

" အကို့ကိုမှတ်မိတယ်မလားJunmyeon "

Junmyeonက ခေါင်းငုံ့ရင်းမှ ခေါင်းငြိမ့်ပြလိုက်သည် ။

" ကြာသွားပြီဆိုတော့ မေ့နေလောက်ပြီထင်နေတာ ဝမ်းသာလိုက်တာ ပြန်တွေ့ရလို့ "

Xinglayက ‌မြင့်မားသည့်အရပ်ကိုအနည်းငယ်ကိုင်းကာ ငုံ့ထားသည့်Junmyeonမျက်လုံးတွေကို ရင်ဆိုင်ချင်‌နေသည်

" အရင်လို လူကြောက်တုန်းပဲကို "

" မဟုတ်ပါဘူး "

Junmyeonငြင်းမိသည်၊ အရင်ကလောက်ထိမဆိုးရွားတော့ပါဘူး ၊ သူလည်းရင့်ကျက်နေပါပြီ ‌အရင်လိုပျော့ညံ့တုန်းလို့တော့ မထင်စေချင် ။ ခေါင်းကိုမော့ကာ Xinglayမျက်လုံးတွေနှင့် အကြည့်ချင်းဆုံလိုက်သည် ။

" အရင်လောက်မကြောက်တော့ပါဘူး လူကြီးဖြစ်နေပါပြီ အလုပ်တောင်လုပ်နေပြီ  "

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now