"Ting Tong! Ting Tong! "
အိမ်ရှေ့က တံခါးဘဲလ်မြည်သံကြောင့် Junmyeonအမေသည် ချက်လက်စ ဟင်းအိုးကို မီးပိတ်ပြီး တံခါးမကြီးထံသာ သွားခဲ့လိုက်သည်။
" ဪ... ဘယ်သူများလဲလို့
သားXinglayပါလား မတွေ့ရတာတောင်ကြာပေါ့ "Junmyeonအမေက အမြဲလိုလို မပြောင်းလဲသော နွေးထွေးကြင်နာမှုအပြည့်နှင့်ပင်။
" ဟုတ်အန်တီ ကျွန်တော်လည်းအလုပ်တွေရှုပ်နေလို့ မလာဖြစ်တာကြာသွားတယ် "
"Aww အေးအေး Junmyeonလည်းပြောပါတယ် သားအရမ်းအလုပ်များနေတယ်တဲ့ "
"ဟုတ်"
အရင်ကဆို နေ့တိုင်းနီးပါး Junmyeonကိုရုံးပြန်ပို့ပေးနေကျသူက ရုတ်တရက်အလာကျဲသွားလေတော့ အန်တီလည်း မေးချင်စရာဖြစ်တော့မှာကို Xinglayနားလည်သည်။ Junmyeonကပဲ အဆင်ပြေအောင် ဖုံးဖိပေးထားလေသားပဲ။
"ဒါနဲ့ ဒီနေ့မင်းတို့အလုပ်က ခရီးသွားမဲ့နေ့ဆို သားရော မသွားသေးဘူးလား "
" ဟုတ်တယ်အန်တီ .. အဲ့ဒါကြောင့် ကျွန်တော် Junlay... အဲ... Junmyeonကို လာခေါ်တာပါ"
" Aww သားမသိဘူးကို ၊ Junmyeonက ထွက်သွားပြီသားရဲ့ companyကားနဲ့လိုက်ရမှာဆိုပြီး သူတို့ဆုံရမဲ့နေရာကိုသွားနှင့်လေရဲ့"
"ဗျာ... ဟုတ်လား"
Xinglayက အနည်းငယ်မျက်နှာပျက်ယွင်းသွားသည်။ Junmyeonက သူ့ကားနှင့်မလိုက်ချင်လို့ဆိုတာ သိသာလွန်းမနေဘူးလားကွာ။
" သားကအလုပ်များနေတော့ သူလည်းမပြောဖြစ်တာများလားပဲ၊ မင်းကိုအားနာလို့နေမယ် "
" ဟုတ်ကဲ့ ရပါတယ်အန်တီ၊ ဒါဆို ကျွန်တော်သွားလိုက်အုံးမယ်နော် ဝန်ထမ်းတွေစုံမဲ့နေရာကို မှီသေးမလားမသိလို့ လိုက်တော့လိုက်ကြည့်အုံးမယ်၊ မမှီရင် ဟိုရောက်ရင်တော့ဆုံမှာပါ ၊ ဪ ဒါနဲ့လေ.. Junmyeonကိုလည်း စိတ်မပူပါနဲ့အန်တီ ၊ ကျွန်တော်လည်းအတူရှိနေပေးမှာပါ "
" အေးပါကွယ် Junmyeonကို စောင့်ရှောက်ပေးမဲ့သူတွေရှိတော့ စိတ်ချပါတယ်၊ ကားကိုဂရုစိုက်မောင်းနော်သား "
"ဟုတ်ကဲ့"
Company ကားထွက်မဲ့နေရာကို လိုက်သွားခဲ့ပေမဲ့ Xinglayဟာ နာရီဝက်လောက် နောက်ကျနှင့်ပြီးသားဖြစ်သောကြောင့် မမှီခဲ့ပေ။ ကမ်းခြေက hotelရောက်မှပဲ တွေ့ရတော့မည်။ ဖုန်းဆက်တော့လည်း မကိုင်ပေ၊ တကယ့်ကလေးဆိုးလေး။ မင်းပြောတဲ့ ချစ်သူက ဘယ်သူများလဲ။ အခုဆို ကားပေါ်မှာ ဖက်ထားနေကြမလား၊ မုန့်ခွံ့ကျွေးနေကြမလား။ ဆိုင်၏ မဆိုင်၏ ဆိုတာ Xinglayသိပ်စိတ်မဝင်စား၊ ဒီကောင်လေး၏ အာရုံစိုက်မှုအလုံးစုံနှင့် သူနှင့်သာ အမြဲတွယ်ကပ်စေချင်ရုံသာ။
ESTÁS LEYENDO
နစ်မွန်းဋီကာ Asphyxia
Fanficဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...