Ep (11)

258 44 1
                                    

ကျောင်းဆင်းရင်လာခေါ်မယ်နော် ဆိုတဲ့စကားကြားကတည်းက လူကစိတ်နဲ့ကိုယ်နဲ့မကပ်တော့တာ တစ်နေ့လုံးဘာတွေသင်သွားမှန်းလည်းမသိ ထမင်းလည်းမစားဘဲကြောင်တောင်တောင်ထိုင်နေလို့ ဘေးက ခင်ခါစသူငယ်ချင်းတွေကပါ ဝိုင်းပြောတော့မှ ထမင်းချိုင့်ဖွင့်ပြီး ကုန်အောင်စားလိုက်လား မစားလိုက်လား ဒါလည်းမသိတော့ဘူး။ အခြေအနေကဆိုးနေပါပြီ။ ဒါကြီးကမဟုတ်သေးမှန်းလည်းသိတယ်။ ဂနာမငြိမ်တာကိုလည်း ထိန်းလို့က မရဘူး ၊ ဘယ်လိုတွေဖြစ်နေတာလဲ ယောကျာ်းလေးဖြစ်ပြီး အိန္ဒြေကိုမရဘူး။ ဒီလောက်ကိစ္စလေးကို ဒီလောက်လွတ်နေဖို့လိုလားကွာ။ လိုလား မလိုလားတော့မသိဘူး ခန္ဓာကိုယ်ကတော့ ဇီဝကာမဖြစ်စဉ်တွေ errorတက်ကုန်ပြီ။ ဒီလောက်မိုးရွာနေလည်း လူကချွေးတစို့စို့နဲ့။

"ကလင်လင်လင်~~~~~''

Electric bell မြည်သံကြောင့် ကျွန်တော့်ရင်တွေဒိန်းခနဲဖြစ်တာ ပူထူသွားသည်။ ဘဲလ်မြည်သံနှင့်အပြိုင် ရင်တွေကလည်းတဒုန်းဒုန်း၊ ထိုလူလာခေါ်မှာတွေးမိတာနဲ့ ရင်နဲ့ရေနွေးလောင်းချလိုက်သလို ပူခနဲ ပူခနဲ။ အဲ့တုန်းက သူစိမ်းတွေကိုကြောက်တတ်တဲ့စိတ်ကြောင့်လို့ပဲ ကျွန်တော်လွယ်လွယ်ကောက်ချက်ချခဲ့သည် ။

"Junmyeon မပြန်သေးဘူးလား''

"အော် အေး... ဟိုဟာ အမ်... အသိအကိုလာကြိုမယ်ဆိုလို့''

"ဒါဆိုလည်း ငါတို့သွားပြီ နက်ဖြန် သမိုင်းကျက်ခဲ့အုံးနော် စာမေးမှာတဲ့''

"အေး အေး ကျေးဇူး''

သူငယ်ချင်းတွေလည်းသွားပြီ လူလည်းနည်း...နည်းသွားပြီ။ မျှော်နေသူက မလာသေး။ စိတ်တောင်တိုချင်လာသည်။

"ဟိတ်''

"အား~~~''

"ဟာ Sorry လန့်သွားလား ချာတိတ် ကအရှေ့ပဲကြည့်နေတာကို အနောက်ကိုကျ မကြည့်ဘူး''

"မသိဘူးလေ ရှေ့ကလာမယ်မှတ်လို့''

"စိတ်ဆိုးနေလား နောက်ကျသွားလို့''

"အမ်.. ရပါတယ် မဆိုးပါဘူး''

"မဆိုးဘူးသာပြောတယ် နှုတ်ခမ်းထော်နေသလိုပဲ''

နစ်မွန်းဋီကာ  Asphyxia Where stories live. Discover now