နာကျဉ်ခြင်းက မင်းကြောင့် အရင်းပြုလာတဲ့အခါ ငါကြောက်မိတယ် Asphyxia...
ဒေါသထွက်တဲ့အခါ စိတ်လှုပ်ရှားတဲ့အခါ ခရီးတစ်ခုခုထွက်မည့်အခါ ပုံမှန်အစာစားချိန်ထက်နောက်ကျတဲ့အခါ ၊ ထိုသို့သောကိစ္စရပ်များကြောင့် အစာအိမ်ရောဂါက ဒုက္ခပေးတတ်နေတုန်းပဲ ။
အိမ်ပြန်ရောက်တာနဲ့ ပေါ့ပေါ့ပါးပါး အိမ်နေရင်းအဝတ်တစ်စုံကို မြန်မြန်လဲကာ ကုတင်ထက်၌လိမ့်နေမိတော့သည် ။ ပိုးသတ်ထားတဲ့လက်ဖျံပေါ်က ဒဏ်ရာကလည်း တချက်တချက်တဆစ်ဆစ်နှင့် ၊ အနာကပ်ပလာစတာမကပ်ရသေးသည့် ပြင်ပဒဏ်ရာထက် ဝမ်းဗိုက်ထဲမှစူးနစ်နေသည့် နာကျင်မှုက ပြင်းထန်စွာထိုးနှက်နေသည့်နှယ် ။ ကားပေါ်၌ဖောက်သောက်လာသည့် အစာအိမ်ဆေးကအခုထိ အစွမ်းမပြသေးတာလား expiredဖြစ်နေလို့ မစွမ်းတော့တာလား နောက်ဆိုဆေးတွေလည်း dateစစ်အုံးမှပါ ဟုတွေးမိသေးသည် ။
" တောက်!! အဲ့ဒါကြောင့်စိတ်မတိုချင်တာ ငါပဲခံရတယ် ဘောလုံးလိုပဲ! "
ဆဲရေးတိုင်းထွာခြင်းမှာ မကောင်းသော်ငြား သည်းမခံနိုင်စွာ ထွက်ကျလာလေသည် ။ သူနှင့် ကျွန်တော့်ကြား ပြဿနာတစ်ခုခုတက်ခဲ့မယ်ဆို အရင်ဆုံးထိခိုက်သူမှာ ကျွန်တော်သာ ။
ဘယ်သူ မှန်တယ်မှားတယ် ဘေးချိတ်ထား ၊ ဒေါသကြောင့်ရောဂါရသည့် Junmyeonမှာသာ မရှုနိုင်မကယ်နိုင်ကျိတ်ခံရတတ်စမြဲပင် ။ ချစ်စခင်စမှာတော့ ထိုကဲ့သို့ဝေဒနာခံစားရလေ့ရှိသည့် Junmyeonကို Sehunကချက်ချင်းပင်အလျော့ပေးကာ တောင်းပန်လေ့ရှိသည်၊ သို့သော်နှစ်တွေကြာလာသည်နဲ့အမျှ Junmyeonအပေါ်ထိုစိုးရိမ်မှုတွေက တဖြည်းဖြည်းလျော့ပါးသွားလေသည် ၊ အခုတော့ စိတ်တိုသည့်အခါဗိုက်အောင့်တတ်သည့် Junmyeonအကျင့်ကိုလည်း မေ့သွားပြီထင်သည် ၊ ထိုကိစ္စနှင့်ဂရုစိုက်ခံရခြင်းမရှိတော့သည့် Junmyeonကိုယ်တိုင်ကလည်း အသေးအမွှားပြဿနာများနှင့်တော့ ဝေဒနာဟောင်းပြန်ပေါ်လာခြင်းမျိုးရှားပါးသွားသည် ၊ အရေထူသွားသည်ဟု Junmyeonက ကိုယ့်ကိုယ်ကိုမှတ်ချက်ချခဲ့သေးသည် ။ ယနေ့ကဲ့သို့ 6 years anniversary တွင် ယခုကဲ့သို့ပြဿနာမျိုးကတော့ Junmyeonကိုဝေဒနာပြန်ဖြစ်စေပြန်သည် ။ အလုံးအရင်းနှင့် အောင့်တက်လာလိုက် ချွန်ချွန်စူးစူးနာကျင်သွားလိုက်ကဲ့သို့သော နာကျင်မှုကို အိပ်ယာထက်၌လူးလိမ့်ခံရင်း မကြာမီ မှေးခနဲအိပ်ပျော်သွားခဲ့သည် ။
ESTÁS LEYENDO
နစ်မွန်းဋီကာ Asphyxia
Fanficဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...