"Wowတကယ်ကြီးတွဲနေကြတာလားး???"
"Lee Heeseung ကSim Jakeနဲ့တွဲနေတာမဟုတ်ဘူးလား ဒါကနောက်တစ်ယောက်လားးဟားဟား ?!ငါတော့သဘောမတူဘူး "
"ဆောင်းဟွန်းနီးရဲ့ပထမဆုံးrelationship ပဲ!!ချူခါဟဲယို ငါတို့ice princeလေး!!"
"Lee Heeseung နဲ့ Park Sunghoon ??ဒါကြီးကတကယ်ဖြစ်နေတာလားးး?ဝါးး တောင်ကိုးရီးယားရဲ့ထိပ်တန်းတွေကလေ^^မယုံနိုင်စရာပဲ နှစ်ယောက်သားကလိုက်ဖက်ကြပါတယ်^^"လေ့ကျင့်ရေးကွင်းရဲ့ခုံတန်းရှည်မှာထိုင်နေတဲ့ဆောင်းဟွန်းတစ်ယောက်commentsတွေကို
ဖတ်မိပြီးစိတ်ရှုပ်စွာဖြင့်သက်ပြင်းချမိသည်။ သို့ပေမယ့်လည်း ထိုနေ့ညက ဖြစ်ရပ်တွေကတဖြည်းဖြည်းပြန်ပေါ်လာတော့ရေးရေးလေးပြုံးမိပြန်သည်။
အီဟီဆွန်းအကြောင်းတွေးမိတိုင်းပြုံးနေမိသည့်သူ့ကိုယ်သူလည်းနားမလည်နိုင်..။ သူ့အတွက်အမှတ်ရစရာညလေးဖြစ်ခဲ့ပေမယ့်အခုရင်ဆိုင်နေရသည့်အကျိုးရလဒ်တွေအကြောင်းပြန်စဉ်းစားမိတော့ သက်ပြင်းချရပြန်သည်။
အကြောင်းက...."SOUTH KOREA's sweetheart ,IDOL LEE HEESEUNG and NATIONAL Figure Skater PARK SUNGHOON were caught hugging and kissing each other yesterday night and there are some photos of Park Sunghoon leaving the idol's House at 6 in the morning after the night staying there."
Social media မှာရော တီဗီပါမကျန် မြင်နေကြားနေရသည်က သူနဲ့ဟိုလူကြီးရဲ့barကပုံတွေ... မနက်ခင်းအဲ့လူကြီးအိမ်ကနေထွက်လာတဲ့သူ့ပုံတွေ..
"Ahhhhhhhhhhh"
စိတ်ရှုပ်လာတဲ့အဆုံးအကျယ်ကြီးအော်ချလိုက်မိတော့သည်။
အဲ့ညပြီးကတည်းက သူနဲ့မတွေ့ရတာအခုဆို၃ရက်ရှိလေပြီ။ သတင်းတွေထွက်လာပြီးကတည်းက ဆောင်းဟွန်းတစ်ယောက်ဘယ်သူနဲ့မှမတွေ့ချင်..။ တစ်နေရာရာသွား
ရင်လည်း သူ့နားကိုပုံပြီးရောက်ချလာတဲ့သတင်းသမားတွေကြောင့် အပြင်ထွက်ချင်စိတ်တောင်မရှိ။နှစ်ဖက်လုံးရဲ့agencyကတော့ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲမသိသေးပေမယ့် သူတို့နှစ်ယောက်ကြားမှာတော့ဘာအဆက်အသွယ်မှကိုမရှိပေ။
အမှန်တိုင်းပြောရရင်တော့ ဆောင်းဟွန်းတစ်ယောက်နည်းနည်းတော့ဝမ်းနည်းမိသည်။ သူ့ကိုနည်းနည်းလေးတောင်အလေးမထားတဲ့Lee Heeseung ဆိုသူကိုလည်းစိတ်ဆိုးသည်။ အဲ့လူကြီးအမြင်မှာသူကအဲ့လောက်တောင်လွယ်သလား?။
တွေးရင်းတွေးရင်းဝမ်းနည်းလာရပြန်သည်။တွေးလက်စကိုဖျောက်ရင်း ပြိုင်ပွဲအတွက်ထလေ့ကျင့်နေပြန်တော့လည်းခနခနချော်လဲနေသည်မှာအကြိမ်ပေါင်းမနည်းတော့။
"ပတ်ဆောင်းဟွန်း အာရုံမစိုက်ဘူးလား ခနခနချော်လဲနေတာ မင်းဒီပုံစံနဲ့ဆိုပြိုင်ပွဲအတွက်မဖြစ်ဘူးနော် "
နည်းပြကသူ့ကိုဆူငေါက်ပြီး လေ့ကျင့်ရေးကွင်းမှထွက်သွားတော့သူတစ်ယောက်တည်းသာကျန်ခဲ့လေသည်။
ခုတော့နည်းပြဆူတာပါခံနေရပြီ ဟူးးး။ဒါတွေအကုန်လုံး ဟိုလူကြောင့် ..။ သူ့ကိုသူလည်းစိတ်ပျက်မိသည်။ ဒီရက်ပိုင်းဘာမှအဆင်မပြေတာကြောင့်ဝမ်းနည်းမိပြီး ငိုချင်လာတာမို့လေ့ကျင့်နေတာကိုရပ်ပြီး ခုံတန်းရှည်တွေဘက်သွားကာပြန်ငိုင်နေမိသည်။