Chapter-16

1.1K 143 15
                                    

ပြာလဲ့လဲ့ကောင်းကင်တွေကဒီနေ့ကျမှအုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေပုံက သူ့အဖြစ်ကိုလှောင်ပြောင်နေသည့်အလား။ လေယာဉ်ပေါ်ကနေမြင်နေရတဲ့တိမ်စိုင်မြူခိုးတွေကအနည်းဆုံးတော့သူ့ကိုစိတ်သက်သာရာရစေသည်။ 

'တိမ်တွေကိုထိတွေ့ခွင့်ရချင်လိုက်တာ'
ငယ်ငယ်ကတည်းကလေယာဉ်ပေါ်ရောက်တိုင်းဖြစ်တည်လာတဲ့ဆန္ဒကလေးဟာ အခုထိလည်းစိတ်အစဉ်မှာကျန်နေမြဲပါပဲ။
'ဆောင်းဟွန်းကမဖြစ်နိုင်တာတွေအရမ်းပြောတာပဲ'တဲ့..
ငယ်ငယ်ကအတန်းဖော်တစ်ယောက်ပြောတဲ့စကားကိုအခုမှနားထဲပြန်ကြားယောင်နေမိသည်။
ဟုတ်ပါတယ် သူဟာခုချိန်ထိမမီတဲ့ပန်းကိုသာလှမ်းချင်တဲ့သူတစ်ယောက်...
အနည်းဆုံးတော့ ပန်းလေးကသူ့တည်ရှိမှုကိုသိနေသေးတယ်မလား အဲ့တာကပဲသူ့အတွက်ကျေနပ်စရာဖြစ်နေပါပြီ...။

နှစ်ပတ်လုံးဆက်တိုက်လေ့ကျင့်တာတွေရော pressure တွေကြောင့်ပါ စိတ်ရောကိုယ်ပါတော်တော်ပင်ပန်းနေတာမို့ ဆိုးလ်မရောက်ခင် ခနလောက်တရေးအိပ်ဖို့ပြင်တုန်း အိတ်ကပ်ထဲကတုန်ခါလာတဲ့ဖုန်းကြောင့်ထုတ်ယူကြည့်မိတော့ သူလွမ်းနေခဲ့ရတဲ့ဖုန်းနံပါတ်လေးဆီကစာတစ်စောင်...
*ညနေကျရင် မင်းအိမ်မှာခနတွေ့ရအောင်*
ဘာအကြောင်းကြောင့်သူ့ကိုတွေ့ချင်မှန်းမသိပေမယ့် ကိုကို့မျက်နှာလေးမြင်ရတော့မယ်ဆိုတော့ဆောင်းဟွန်းရင်ထဲကအပျော်တွေကထိန်းမရတော့။
နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်မယ်ဆိုတာကိုတော့ ဆောင်းဟွန်း မသိခဲ့...

_______________♡︎_________________

"ဆောင်းဟွန်း မင်းမှာနှိပ်စက်စရာလူကငါပဲရှိတာလား"

ကားမောင်းနေရင်းနဲ့သူ့ကိုပွစိပွစိပြောနေတဲ့သူငယ်ချင်းကြောင့်နည်းနည်းတော့ပြုံးမိသွားသည်။
တကယ်လည်းမှန်တာပဲမဟုတ်လား ။သူ့ဘဝမှာဂျေးတစ်ယောက်ပဲအမြဲတမ်းရှိနေပေးတာ..
အခုလည်းလေဆိပ်ရောက်ရောက်ချင်း လာကြိုဖို့ဖုန်းဆက်ခေါ်တော့လည်းချက်ချင်းရောက်လာတာ..

"မင်းကငါ့အစ်ကိုလေ သည်းခံရမှာပေါ့ ဟုတ်တယ်မလား ဂျေးဟျောင်း"

DEFIANTWhere stories live. Discover now