CHAPTER-17

1.1K 140 17
                                    


"ဆူဘင်းဟျောင်း ကျွန်တော်ကဘယ်တော့မှသေရမှာလဲ?"

"seung-ahh..''

ဒီတိုင်းတစ်နေ့ပြီးတစ်နေ့နာကျင်ခံစားနေရတာထက်တစ်ခါတည်းသေလိုက်တာကပိုမကောင်းဘူးလား.. ဆေးရုံကုတင်ပေါ်မှာတစ်နေ့လုံးလှဲနေရတဲ့အဖြစ်က ရှင်လျက်နဲ့သေနေရသလိုပါဘဲ။
ခနခနရင်ဘတ်ကအောင့်လာတဲ့ဒဏ်ကိုလည်းသူတကယ်မခံစားချင်တော့ပေ။

ပြီးတော့..အဓိပ္ပာယ်အမဲ့ဆုံးက သူ့ဘေးနားမှာ ချစ်ရတဲ့ကောင်လေးမှမရှိတော့ပဲ..။
ဒီအကြောင်းကတော့သူကိုယ်တိုင်ကောင်လေးကိုတွန်းထုတ်ခဲ့တာမို့ သူ့ကိုယ်သူပဲအပြစ်တင်ရတာပေါ့။ အဓိကကဘေဘီကသူ့လိုဒီကမ္ဘာကနေမကြာခင်ထွက်သွားတော့မယ့်သူကိုမေ့သွားဖို့ပဲလေ..။
သူလုပ်ခဲ့တာမှန်တယ်မလား..?

သုံးလ.... ဆောင်းဟွန်းဘဝထဲကသူအပြီးအပိုင်ထွက်လာခဲ့တာသုံးလတောင်ရှိလေပြီ။
ဒီအတောအတွင်းမှာသူ့ရောဂါကြောင့်ခံစားရတဲ့ဝေဒနာထက် ဆောင်းဟွန်းကိုလွမ်းတဲ့ဒဏ်ကပိုများမည်ထင်သည်။
ကလေးကတော့ ဒါတွေဘယ်သိပါ့မလဲ..။
မသိအောင်လည်းသူကိုယ်တိုင်ကနည်းလမ်းမျိုးစုံသုံးခဲ့တာမလား..
ဆူယောင်းနူနာနဲ့တမင်အထင်လွဲအောင်လုပ်ပြီး ပုံတွေပို့ပေးခဲ့တာလည်းသူကိုယ်တိုင်ပါဘဲ။
တကယ်တော့ ဆူယောင်းနူနာက ဆူဘင်းဟျောင်းရဲ့အမဖြစ်ပြီး သူ့ကို ကုပေးနေတဲ့ဆရာဝန်ဖြစ်တာကလွဲလို့ကျန်တာဘာမှဆက်စပ်မှုမရှိပေ။

"ဟျောင်း သူရော အဆင်ပြေရဲ့လား"

ဟီဆွန်းဆီကဒီမေးခွန်းကိုကြားတိုင်း ဆူဘင်းဖြေစရာအဖြေမရှိပေ။
နှစ်ယောက်လုံးကတစ်ယောက်နဲ့တစ်ယောက်အနားမှာမရှိရင်မဖြစ်တာကို ဟိုကောင်လေးကိုရအောင် တွန်းထုတ်ခဲ့တဲ့ ဟီဆွန်းကိုလည်းအံ့ဩမိသည်။  ခေါင်းမာလိုက်တာကွာ..

"မင်းကိုယ်တိုင်တောင်ဒီလိုဖြစ်နေတာ သူကရောအဆင်ပြေမယ်လို့ထင်လို့လား"

"ဟျောင်း..ကျွန်တော်တအားပင်ပန်းနေပြီ
ကျွန်-ကျွန်တော်လေဒီကနေထွက်သွားချင်လှပြီ "
ပြောရင်းကမျက်ရည်တွေဝေ့သီလာတဲ့ ဟီဆွန်းကိုမြင်တော့ဆူဘင်းပါမျက်ရည်ဝဲမိသည်။ သို့ပေမယ့်လည်းဟီဆွန်းကိုဖက်ထားပြီးနှစ်သိမ့်ပေးရုံကလွဲလို့သူဘာမှမလုပ်နိုင်ခဲ့..။
'ကျော်ဖြတ်နိုင်မှာပါ'လို့ပြောရအောင်လည်း နှစ်ယောက်စလုံးကအချိန်ဘယ်လောက်မှမကျန်တာကိုသိထားပြီးပြီမို့ ဘာတစ်ခုမှထူးခြားလာမှာမဟုတ်ပေ။

DEFIANTWhere stories live. Discover now