"အတည်တွဲရအောင်???ခင်ဗျားနောက်နေတာမလား"
"မနောက်ပါဘူး အတည်တွဲရအောင်လေ ဘာလို့လဲ"
"ဒါဆိုကျွန်တော်မေးတာဖြေ ကျွန်တော့်အပေါ်ခံစားချက်ရှိလား?"
"ခံစားချက်ရှိမှတွဲရမှာလား ?တွဲရင်းနဲ့မှခံစားချက်ရှိလာတာမျိုးရောမဖြစ်နိုင်ဘူးလား"
"ခင်ဗျားကိုယ့်ကိုယ်ကိုတစ်ကိုယ်ကောင်းဆန်တယ်လို့မထင်မိဘူးလား??ကျွန်တော့်ကိုသဘောမကျဘဲ အပျော်တွဲချင်ရုံသက်သက်နဲ့တော့ကျွန်တ်ော့ခံစားချက်တွေကိုမကစားပါနဲ့တော့"
"ကိုယ်ပြောတာကအဲ့လိုမဟုတ်ဘူးလေ"
"ကျွန်တော်သွားတော့မယ်"
အိမ်ထဲကနေတစ်ယောက်တည်းပြေးထွက်လာတဲ့သူ့နောက်ကို ဘယ်သူမှလိုက်မလာခဲ့ပေ။
စိတ်ထဲမှာတော့ တစ်ကိုယ်ကောင်းဆန်လှတဲ့သူရဲ့တစ်စုံတစ်ယောက်ကိုအနောက်ကလိုက်ပြီးပြန်ချော့စေချင်ပေမယ့် လက်တွေ့မှာတော့သူ့အနားဘယ်သူမှရှိမနေပေ။ကားကလဲမပါလာ ဒီအနီးနားမှာလည်းတက်စီ ကမရှိတာကြောင့် ကြံရာမရတဲ့အဆုံး ဂျေးကိုသာဖုန်းဆက်ခေါ်မိတော့သည်။ ဂျေးကဘယ်နေရာရောက်ရောက် သူအကူအညီလိုပြီဆိုတာနဲ့ချက်ချင်းပြေးလာတတ်သည်။
အခုလည်းဖုန်းခေါ်ပြီးမကြာပေ ကားအနီလေးကသူ့ရှေ့မှာလာထိုးရပ်ပြီး suitအပြည့်နဲ့ဆင်းလာတဲ့ဂျုံဆောင်း..
"ရား မင်းဘာဖြစ်လာတာလဲဆောင်းဟွန်း ညဘက်ကြီးဒီမှာတစ်ယောက်တည်းရပ်ပြီး ဘာလုပ်နေတာလဲ"
"ပြီးရင်ပြောမယ် ခုလောလောဆယ်တော့ ငါ့ကိုဒီကနေခေါ်သွားပေး"
"သွားနေကျကိုပဲသွားမလား"
ဂျုံဆောင်းကိုပြန်တောင်မဖြေဘဲခေါင်းတစ်ချက်သာညိမ့်ပြီးကားပေါ်တက်သွားတဲ့
ပတ်ဆောင်းဟွန်း...ဆိုးလ်ရဲ့ညဘက်လေပြည်အေးကတဖြူးဖြူးတိုက်နေတော့ ဟန်မြစ်ဘေးမှာထိုင်နေရတဲ့ဂျုံဆောင်းအဖို့အနွေးထည်ပါမလာတော့အေးလို့တုန်နေတယ်ဆိုပေမယ့် ဆိုဂျူးတွေတစ်ပုလင်းပြီးတစ်ပုလင်းကုန်အောင်သောက်နေတဲ့ဆောင်းဟွန်းကတော့မမှုပေ။