Chapter-7

1.3K 171 17
                                    

လိုက်ကာကြားကထိုးဖောက်လာတဲ့နေရောင်ခြည်ဖျော့ဖျော့ဟာ ဆောင်းဟွန်းမျက်နှာပေါ်ဟိုတစ်ကွက်ဒီတစ်ကွက်နှင့် ဖျာကျနေလေသည်။မနေ့ညကလွန်လွန်ကြူးကြူးသောက်ထားတဲ့အရှိန်ကြောင့် ထချင်ပေမယ့်လည်းမျက်လုံးမဖွင့်နိုင်..။ခေါင်းကလည်းတဆစ်ဆစ်နဲ့ကိုက်နေသေးသည်။ သို့ပေမယ့်လည်းရုတ်တရက်ကြီး သူ့မျက်နှာပေါ်ကနေရောင်ခြည်စူးစူးတွေကိုကာပေးနေတဲ့လက်တစ်စုံကိုသတိထားမိတော့နည်းနည်းပြုံးမိလိုက်ပြီးမထသေးဘဲငြိမ်နေမိသည်။

"နိုးနေပြီမလား ထတော့လေ ကိုယ်လည်းလက်ညောင်းလာပြီ"

အဲ့ခါကျမှမျက်လုံးဖွင့်ကြည့်မိတော့သူ့ရှေ့မှာမြင်နေရတဲ့ဆံပင်စုတ်ဖွားနဲ့လူသားကြောင့်ပုံမှန်နံနက်ခင်းတွေထက်ဆယ်ဆမကပိုကြည်နူးဖို့ကောင်းနေသည်။

"ဘာလို့အဲ့လိုပြုံးပြီးကြည့်နေတာလဲ ကိုယ့်ကို"

"ချောလို့"

"ဒီကလေးကတော့ "

"ကျွန်တော်ကအတည်ပြောတာပါ"

"ထားပါ အခုရောခေါင်းကိုက်နေသေးလား မနေ့ကတော်တော်သောက်ထားတာကို"

"ကိုက်တယ်တအား ခေါင်းထောင်လို့တောင်မရဘူးထင်တယ် အဲ့ဒါကြောင့်ဒီနေ့ဒီမှာဘဲနေလိုက်လို့ရလား"

"ဘေဘီ မင်းဘယ်တုန်းကစပြီးဒီလိုတွေသတ္တိရှိလာတာလဲဟမ်"

"အဖြေသိပြီးသားမေးခွန်းကိုဘာလို့မေးနေတာလဲ မဟုတ်မှလွဲရော မနေ့ကကျွန်တော်ပြောခဲ့တာတွေကိုမေ့ပစ်လိုက်တာလား?"

"ဘာ-"

"သဘောကျတယ်လို့ ဘယ်နှစ်ခါပြောရမှာလဲခင်ဗျားကို ခုထိကျွန်တော့်ခံစားချက်ကိုနားမလည်သေးဘူးလား?"

"အဲ့တော့..."

"ကျစ်.. အကိုမနေ့ကပြောတဲ့တွဲရအောင်ဆိုတဲ့စကားကခုထိအကျုံးဝင်သေးတယ်မလား"

"အင်း"

"ကျွန်တ်ော့ကိုအကိုသဘောမကျသေးမှန်းသိပေမယ့် တစ်ခါလောက်တော့အခွင့်အရေးပေးမယ်မလား"

"မင်းသဘော"

______________________________________

DEFIANTWhere stories live. Discover now